ပေါ်တူဂီတိုက်စစ်မှူး

March 28, 2019

တိုက်စစ်မှူး ရော်နယ်ဒို ဒဏ်ရာကြောင့် ၂ ပတ်ခန့် နားရမည်

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ဆားဘီးယားအသင်း ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ပေါင်ခြံဒဏ်ရာရခဲ့လို့ နှစ်ပတ်ခန့် အနားယူရတော့မှာဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်အသင်းက အတည်ပြုသွားခဲ့ပြီး လိဂ်ပွဲစဉ်သုံးပွဲလောက် လွဲချော်မှာဖြစ်ကာ လာမယ့် ဧပြီ ၁၀ ရက်မှာ ကစားမယ့် အေဂျက်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့ပေမယ့် ပေါ်တူဂီအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲ နှစ်ပွဲမှာတော့ ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မတ်လ ၂၃ ရက်က ကစားခဲ့တဲ့ ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ဂိုးမသွင်းနိုင်ခဲ့သလို မတ်လ ၂၆ ရက်က ကစားခဲ့တဲ့ ဆားဘီးယားနဲ့ ယူရိုခြေစစ်ပွဲစဉ်မှာလည်း ဂိုးပေါက်ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ဒဏ်ရာအခြေအနေကြောင့် လာမယ့်စနေနေ့မှာ ကစားမယ့် အမ်ပိုလီနဲ့ပွဲကို လွဲချော်မှာဖြစ်သလို ကက်ဂလီယာရီ၊ အေစီမီလန် စတဲ့အသင်းတွေနဲ့ ပွဲတွေကိုလည်း လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။
3 years Ago
Up