ပေါ်တူဂီတိုက်စစ်မှူး

March 26, 2019

ဒဏ်ရာကြောင့် စီရော်နယ်ဒို နှစ်ပတ်ခန့် အနားယူရမည်

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဆားဘီးယားအသင်းနဲ့ တဂိုးစီသရေကျတဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့လို့ နှစ်ပတ်လောက် အနားယူရမယ်လို့ သိရပါတယ်။ အဲဒီ ယူရိုခြေစစ်ပွဲရဲ့ ပထမပိုင်း မိနစ် ၃၀ မှာပဲ ကြွက်သားဒဏ်ရာ ရခဲ့တာဖြစ်ပြီး ဆက်မကစားနိုင်တော့လို့ လူစားလဲခဲ့ရတာပါ။ စီရော်နယ်ဒိုကတော့ သူ့ရဲ့ဒဏ်ရာအခြေအနေက သိပ်ပြင်းထန်မှုမရှိဘဲ တပတ် နှစ်ပတ်လောက် အနားယူလိုက်ရင် ပြန်ကောင်းမွန်လာမှာဖြစ်တယ်လို့ ပေါ်တူဂီမီဒီယာတခုနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ ခြေထောက်ကြွက်သားဒဏ်ရာ ရရှိမူဟာ ဂျူဗင်တပ်အသင်း ပရိသတ်တွေအတွက်လည်း စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဟာ လာမယ့်ဧပြီလအတွင်းမှာ အေဂျက်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ကစားရဖို့ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စီရော်နယ်ဒိုရဲ့ ဒဏ်ရာအခြေအနေက နှစ်ပတ်လောက်အတွင်းမှာ ပြန်လည်ကောင်းမွန်လာနိုင်တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပြန်ကစားနိုင်ဖို့ ရှိနေပါတယ်။
3 years Ago
Up