ပေါ်တူဂီကစားသမား မာရီယိုကို ပေါင် ၃၈ သန်းကျော်ဖြင့် အင်တာခေါ်ယူ

August 29, 2016

ပေါ်တူဂီကစားသမား မာရီယိုကို ပေါင် ၃၈ သန်းကျော်ဖြင့် အင်တာခေါ်ယူ

အင်တာမီလန်အသင်းက ပေါ်တူဂီ ကစားသမား ဂျိုအာ မာရီယိုကို ပေါင် ၃၈ သန်းကျော်ပေးပြီး ခေါ်ယူလိုက်ပါတယ်။ အခု ပြောင်းရွှေ့ကြေးဟာ ပေါ်တူဂီကလပ်တွေထဲမှာ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အင်တာက အသက် ၂၃ နှစ်အရွယ် ကွင်းလယ်သမား မာရီယိုကို စပို့တင်း လစ္စဘွန်းအသင်းကနေ ခေါ်ယူလိုက်တာပါ။ ကွင်းလယ်သမားဟာ ပြီးခဲ့တဲ့ ရာသီက စပို့တင်းအသင်းအတွက် ၃၃ ပွဲ ကစားရာမှာ ၆ ဂိုး သွင်းယူပေးထားပါတယ်။ သူဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ကူညီထားပါတယ်။ အင်တာမီလန်အသင်း ဥက္ကဋ္ဌကတော့ မာရီယိုကို ခေါ်နိုင်လို့  အသင်းကို ပိုပြီး တောင့်တင်းလာစေလိမ့်မယ်လို့ ပြောပါတယ်။
5 years Ago
Up