ပေါ်တိုနည်းပြ

A d v e r t i s e m e n t With Us

September 27, 2016

အင်္ဂလန်ကလပ် လက်စတာကို အနိုင်ယူပြီး သမိုင်းသစ်ရေးထိုးမည်ဟု ပေါ်တိုနည်းပြ ပြော

ပေါ်တူဂီကလပ် ပေါ်တိုအသင်းဟာ အဝေးကွင်းမှာ အင်္ဂလိပ်အသင်းတွေကို ပထမဆုံး အနိုင်ယူပြီး သမိုင်းသစ် ရေးထိုးသွားမယ်လို့ နည်းပြ ဆန်းတို့စ်က ပြောပါတယ်။ ဒီညမှာ ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်အဖြစ် ပေါ်တိုဟာ အဝေးကွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အစဉ်အလာအရ ပေါ်တိုအသင်းဟာ အဝေးကွင်းမှာ အင်္ဂလိပ်အသင်းတွေနဲ့ ကစားတဲ့ ၁၆ ပွဲမှာ ၁၄ ပွဲအထိ ရှုံးထားပြီး နိုင်ပွဲမရသေးပါဘူး။ သမိုင်းမှာ မနိုင်ဘူးပေမယ့် အခုအချိန်မှာ အဲဒီအစဉ်အလာတွေကို ရိုက်ချိုးပြီး သမိုင်းသစ်ရေးထိုးဖို့ အချိန်ရောက်ပြီလို့ ပေါ်တိုနည်းပြက ပြောပါတယ်။ အုပ်စုအဖွင့်ပွဲတွေမှာတုန်းက လက်စတာက အနိုင်ရထားပြီး ပေါ်တိုက သရေကျထားပါတယ်။
4 years Ago
Up