စက်တင်ဘာ ၂၇ ရက်ညက ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်မှာ လက်စတာက ပေါ်တိုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
လက်စတာအတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲ အိမ်ကွင်းမှာ ပထမဆုံးအကြိမ် အနိုင်ရတာ ဖြစ်ပါတယ်။
အနိုင်ဂိုးကို စလီမာနီက ၂၅ မိနစ်မှာ သွင်းယူပါတယ်။ စလီမာနီဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ဒီနှစ်ရာသီမှာ ပြောင်းရွေ့လာတာပါ။
ချန်ပီယံလိဂ်မှာ ၂ ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ ပေါ်တိုအသင်းဟာ ဒုတိယပိုင်းမှာ ဖိအားပေး ကစားနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။
ဒီပွဲနိုင်လို့ လက်စတာက အုပ်စု ဂျီ မှာ ၂ ပွဲကစား၊ ၂ ပွဲနိုင်၊ ၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။
ပေါ်တိုကတော့ ၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
4 years Ago