ပျော်ရွှင်စွာကခုန်နေသည့် ချစ်စဖွယ် လူဝံလေး (ရုပ်သံ)

April 13, 2016

ပျော်ရွှင်စွာကခုန်နေသည့် ချစ်စဖွယ် လူဝံလေး (ရုပ်သံ)

ဗြိတိန်နိုင်ငံက တွင်းခရော့စ် ဥယျာဉ်မှာ လူဝံငယ်လေးတကောင်က ပျော်ရွှင် မြူးတူးစွာ ကခုန် ကစားနေတာကို ရုပ်သံနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ လူဝံတွေမျောက်ဝံတွေ အများစုရှိတဲ့ ဥယျာဉ်ထဲမှာ မျောက်ဝံလေး ပျော်ရွှင်စွာ ကခုန်ကစားနေတာကို ဟယ်လင်ဖရေးဟက်က ကင်မရာနဲ့ မှတ်တမ်းတင်ထားပြီး ဥယျာဉ်ရဲ့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တင်ခဲ့ပါတယ်။ ငယ်ရွယ်တဲ့ မျောက်ဝံလေး လုပ်က ပျော်ရွှင်စွာကစားနေသလို ကစားတာဟာ အရေးကြီးပြီး လူဝံတွေရဲ့ သဘာဝကျတဲ့ အပြုအမှုတခု ဖြစ်တယ်လို့ ရုပ်သံဖိုင်မှာ ရေးထိုးထားပါတယ်။
6 years Ago
Up