ပျောက်ဆုံးတောင်တက်သမား

March 10, 2019

ပျောက်ဆုံး တောင်တက်သမား ၂ ဦး၏အလောင်းပြန်တွေ့

ဟိမဝန္တာ တောင်စဉ်တန်းရဲ့ အနောက်ဘက်ဆုံးမှာရှိတဲ့ ပါကစ္စတန် နိုင်ငံထဲက နန်ဂါပါဘတ် တောင်ကို တက်ရင်း ပျောက်နေခဲ့တဲ့ တောင်တက်သမား နှစ်ယောက်ရဲ့ အလောင်းကို ရှာတွေ့ပြီလို့ ရှာဖွေရေးအဖွဲ့ကို စီစဉ်သူက မတ်လ ၉ ရက်မှာ ပြောပါတယ်။ အီတလီနိုင်ငံသား ဒယ်နီယယ်လေ နာဒီနဲ့ သူ့အဖော် တွန်မ်ဘောလာ့ဒ် တို့ဟာ ကမ္ဘာ့တက်ရအခက်ဆုံး တောင်တွေထဲက တခုဖြစ်တဲ့ နန်ဂါပါဘတ် တောင်ကို ဆောင်းရာသီမှာ တက်ဖို့ ကြိုးစားခဲ့တာပါ။ တောင်အမြင့်ပိုင်းမှာ ရှိနေတဲ့ အလောင်းတွေကို ပြန်သယ်နိုင်မယ့် အလားအလာ မရှိဘူးလို့ မီဒီယာတွေက အစီရင်ခံပါတယ်။ သူတို့ နှစ်ယောက်ဟာ နှင်းထုပြိုကျတဲ့ဒဏ်ကို ခံခဲ့ရတယ်လို့ ရှာဖွေရေး အဖွဲ့ကို စီစဉ်သူ အယ်လ်ပိုင်း စွန့်စားသွားလာရေး ဧည့်လမ်းညွှန် ကုမ္ပဏီက အလီမူဟမ်မဒ်စယ်လ်တိုရို က ပြောပါတယ်။ ဘားလာ့ဒ်ဟာ ဧဝရတ်တောင်ကို အကူအညီမပါဘဲ တက်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး အလစ်ဆန် ဟာဂရိဗ်စ်ရဲ့ သားပါ။ မိခင်ဖြစ်သူဟာ ဧဝရတ်တောင်ကို တက်ခဲ့တဲ့နှစ်မှာပဲ ကမ္ဘာ့ ဒုတိယ အမြင့်ဆုံး တောင်ဖြစ်တဲ့ ပါကစ္စတန် နိုင်ငံထဲက K2  တောင်ထိပ်ကနေ ပြန်အဆင်းမှာ သေဆုံးခဲ့ပါတယ်။
2 years Ago
Up