ပျောက်ဆုံးထိုင်းလူငယ်များကယ်ဆယ်ရေး မြန်မာ ပူးပေါင်းကူညီမည်

June 28, 2018

ပျောက်ဆုံးထိုင်းလူငယ်များကယ်ဆယ်ရေး မြန်မာ ပူးပေါင်းကူညီမည်

ထိုင်းနိုင်ငံမှာ လိုဏ်ဂူအတွင်း ပိတ်မိနေကြတဲ့ လူငယ်များကယ်ဆယ်ရေးမှာ မြန်မာနိုင်ငံ က အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ လိုဏ်ဂူထဲပိတ်မိနေတဲ့ ထိုင်းလူငယ်တွေကယ်ဆယ်ရေးမှာ အပြည့်အ၀ပူးပေါင်းကူညီလုပ်ဆောင်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ်အစိုးရ တို့ကို ညွှန်ကြားထားတယ်လို့လည်း ဇွန် ၂၈ ရက်ထုတ် သမ္မတရုံးသတင်းမှာ ဖော်ပြထား ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်း ဂူကြီးထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် ညနေက မြို့နယ်လက်ရွေးစင် လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြဆရာ ၁ ဦးတို့ ဝင်ရောက် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
3 years Ago
Up