ပျောက်ဆုံးကစားသမား

January 27, 2019

ပျောက်ဆုံးကစားသမား ဆာလာကို ရှာဖွေရန် ဘောလုံးသမားများ အလှူငွေထည့်

ပျောက်ဆုံးနေတဲ့ ကစားသမား ဆာလာကို ရှာဖွေဖို့အတွက် ဘောလုံးသမားတွေစုပြီး အလှူငွေထည့်ဝင်နေသလို သတ်မှတ်ထားတဲ့ ယူရို ၃ သိန်းပြည့်ဖို့ အနည်းငယ်သာ လိုအပ်တော့တယ်လို့ သိရပါတယ်။ လှူဒါန်းသူတွေထဲမှာ ပီအက်စ်ဂျီကစားသမား ရာဘီရောတ့်ဟာ ယူရို ၂၅၀၀၀ ထိ အလှူငွေ ထည့်ဝင်ခဲ့သလို အာဆင်နယ်အသင်းခေါင်းဆောင် ကိုစီယန်နီနဲ့ မာဆေးလ်က ဒီမီထရီပေရတ် တို့ကိုလည်း အလှူငွေ အများအပြား ထည့်ဝင်ခဲ့ကြပါတယ်။ ဒီလိုရှာဖွေရေးစတင်ဖို့ အလှူငွေကောက်ခံတာကို ဆာလာရဲ့အေးဂျင့်ဖြစ်သူ ဒီယာရီက စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာတ၀ှမ်း ဘောလုံးအသိုင်းအဝိုင်းအတွင်း ကောက်ခံနေတာလည်း ဖြစ်ပါတယ်။ နာပိုလီနောက်ခံလူ ကိုလီဘာလီ၊ အပါအဝင် မန်စီးတီးကစားသမား ဂန်ဒိုဂန်နဲ့ အခြား စပိန်၊ ဂရိကလပ်တွေက ကစားသမားတွေကလည်း အနည်းဆုံး ယူရို ၁၀၀၀ ကနေစပြီး လှူဒါန်းနေ ပါတယ်။ ဆာလာဟာ ပြင်သစ်ကလပ် နန့်တက်စ်အသင်းကနေ ကာဒစ်ဖ်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ရောက်ရှိခဲ့ပြီး ကစားသမားဟာ လာရာလမ်းမှာ လေယာဉ်စီးရင်း ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ဆာလာအားရှာဖွေမှုကို ရဲတပ်ဖွဲ့က ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
2 years Ago
Up