ပျောက်ဆုံး လေယာဉ်ကို အင်ဒိုနီးရှား တာဝန်ရှိသူများ ရှာဖွေ

A d v e r t i s e m e n t With Us

October 3, 2015

ပျောက်ဆုံး လေယာဉ်ကို အင်ဒိုနီးရှား တာဝန်ရှိသူများ ရှာဖွေ

အောက်တိုဘာ ၂ ရက်က လူ ၁၀ ဦး စီးနင်းလိုက်ပါလာတဲ့ ပျောက်ဆုံး လေယာဉ်ကို အင်ဒိုနီးရှား တာဝန်ရှိသူတွေက ရှာဖွေနေပါတယ်။ အင်ဒို ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ အာဗီစတား လေကြောင်းလိုင်းက လေယာဉ်ဟာ မာဆမ်ဘာကျွန်းကနေ မာကာဆာမြို့ကို နေလယ် ၂ နာရီခွဲမှာ ပျံသန်းထွက်ခွာလာပြီး မိနစ် ၃၀ အကြာမှာ အဆက်အသွယ်ပြတ်တောက်သွားတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လူကြီး ၄ ဦး ကလေး ၃ ဦးနဲ့ လေယာဉ်မှူး ၃ ဦးတို့ ပါသွားတယ်လို့ သတင်းတွေက ရေးပါတယ်။ အာဗီစတားလေကြောင်းလိုင်းက တာဝန်ရှိသူတွေက လေယာဉ်မှူးနဲ့ ခရီးသည်တွေရဲ့ ဖုန်း အချက်ပေးတွေကို အသုံးပြုပြီး လေယာဉ်ကို ရှာဖွေဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှားဟာ ညံ့ဖျင်းတဲ့ လေကြောင်းလိုင်း လုံခြုံရေး မှတ်တမ်းကို ပိုင်ဆိုင်ထားပြီး အရင်နှစ်တွေက လေယာဉ် ၃ ကြိမ် ပျက်ကျခဲ့ပါတယ်။ ဒီအထဲမှာ ဒီဇင်ဘာ ၂၈ အဲအေးရှာလေကြောင်းလိုင်း ပင်လယ်တွင်း ပျက်ကျမှုကြောင့် လူ ၁၆၂ ဦး သေဆုံးခဲ့သလို သြဂုတ်လမှာ ခရီးသည်တင်လေယာဉ်တဏင်းပျက်ကျမှုကြောင့် လူ ၅၄ ဦးသေဆုံးခဲ့ပါတယ်။ ဇွန်ကလည်း စစ်တပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်ပျက်ကျတာကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။
5 years Ago
Up