ပျောက်ဆုံး မလေးရှားရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရဟု အတည်ပြု

June 19, 2015

ပြန်ပေးဆွဲခံရသည့် မလေးရှား ရေနံတင်သင်္ဘော ပြန်လွတ်

ပြီးခဲ့တဲ့တပတ်က ပျောက်ဆုံးနေခဲ့တဲ့ မလေးရှားရေနံတင်သင်္ဘောဟာ အင်ဒိုနီးရှား ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခံထားရတာဖြစ်ပြီး ပြန်လွတ်လာပြီလို့ မလေးရှားရေတပ်က ဇွန် ၁၉ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ပင်လယ်ဓားပြ ၈ ယောက်လုံး စက်လှေတစီးနဲ့ သင်္ဘောကို စွန့်ခွာထွက်ပြေးသွားကြပြီး သင်္ဘောကို မလေးရှားနိုင်ငံ ပြန်လည်ခုတ်မောင်းလာပြီလို့ ဆိုပါတယ်။ သင်္ဘောသား ၂၂ ဦးလုံး လွတ်မြောက်လာခဲ့ပေမယ့် အင်ဒိုသင်္ဘော စားဖိုမှူးတယောက်ကတော့ ဓားပြတွေပစ်ခတ်လို့ ပေါင်မှာ ဒဏ်ရာရရှိထားတယ်လို့လည်း ပြောပါတယ်။ ရေနံတင်သင်္ဘော အော်ကင်ဟာမိုနီ (Orkim Harmony) ဟာ ဇွန်လ ၁၁ ရက်နေ့က စင်ကာပူကမ်းလွန်မှာ ပျောက်ဆုံးသွားခဲ့ပြီး အင်ဒိုနီးရှား ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခံရမှန်း နောက်ပိုင်းသိရှိခဲ့တာပါ။ [caption id="attachment_98608" align="alignright" width="500"]malaysia02 မလေးရှားရေတပ် တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)[/caption] အခုတော့ မလေးရှားရေတပ်က ဓားပြတွေနောက် လိုက်လံရှင်းလင်းနေတယ်လို့ မလေးရှားရေတပ် အာဏာပိုင်တွေက ပြောပါတယ်။ သင်္ဘောပြန်ပေးဆွဲခဲ့အပြီး ပင်လယ်ဓားပြတွေက သင်္ဘောနာမည်ကို ကင်မ် ဟာမိုနီ (Kim Harmon) လို့ ပြောင်းလဲရေးသားခဲ့ပါတယ်။ ဇွန် ၁၇ ရက်နေ့ ညနေပိုင်းမှာ သင်္ဘောကို သြစတြေးလျလေတပ်က စပြီး တွေ့ရှိခဲ့တာပါ။ အဲဒီနောက် မလေးရှားရေတပ်က နောက်ယောင်ခံလိုက်ခဲ့ပြီး ပင်လယ်ဓားပြတွေကို အသာတကြည် လက်နက်ချဖို့ တိုက်တွန်းခဲ့တာပါ။ ရေနံတန်ချိန် ၇၃၀၀ တင်ဆောင်နိုင်တဲ့ ဒီသင်္ဘောဟာ ဇွန်လ ၁၁ ရက်နေ့က မလေးရှားတောင်ပိုင်း ဂျိုဟာ (Johor) ဆိပ်ကမ်းကနေ နိုင်ငံအရှေ့ပိုင်းက ကွမ်တန်ဆိပ်ကမ်းမြို့ (Kuantan) ကို ခုတ်မောင်းစဉ် ပြန်ပေးဆွဲခံရပြီး ၂ ပတ်အတွင်း ဒုတိယမြောက် ပြန်ပေးဆွဲခံရတဲ့သင်္ဘော ဖြစ်ခဲ့ပါတယ်။ မလေးရှားသင်္ဘောကုမ္ပဏီ တခုတည်းက သင်္ဘော ၂ စီး လမ်းကြောင်းတူ၊ တနေရာတည်းမှာပဲ ပြန်ပေးဆွဲခံရတာဖြစ်လို့ တောင်တရုတ်ပင်လယ်ပြင်တွင်း ရေကြောင်းဘေးကင်း လုံခြုံမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြပါတယ်။ ဒီသင်္ဘောသား ၂၂ ဦးမှာ မလေးရှား ၁၆ ဦး၊ အင်ဒို ၅ ဦးနဲ့ မြန်မာ ၁ ဦး ပါဝင်ပါတယ်။ ကွမ်တန်ဆိပ်ကမ်းကို ဇွန်လ ၂၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ မလေးရှားရေတပ် အရာရှိတဦးက ပြောပါတယ်။
6 years Ago

မလေးရှားရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရဟု အတည်ပြု

ပြီးခဲ့တဲ့တပတ်က ပျောက်ဆုံးနေခဲ့တဲ့ မလေးရှားရေနံတင်သင်္ဘောဟာ ဗီယက်နမ်ရေပိုင်နက်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး ပြန်ပေးဆွဲခံထားရတယ်လို့ မလေးရှားရေတပ်အာဏာပိုင်တွေက ဇွန် ၁၈ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။ ကွာလာလမ်ပူမြို့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားရေတပ် ဒုဗိုလ်ချုပ် အာမက်ပူဇီ (Ahmad Puzi) က အခုလို ပြောဆိုလိုက်ပြီး အော်ကင်ဟာမိုနီ (Orkim Harmony)  သင်္ဘောဟာ ရေတပ်သင်္ဘောတစီးခြံရံပြီး တောင်ဘက်ကို ပြန်လည်ခုတ်မောင်းလာပြီလို့ ပြောဆိုပါတယ်။ သြစတြေးလျလေတပ်က သင်္ဘောကို အရင်တွေ့ရှိခဲ့တာဖြစ်ပြီး ပင်လယ်ဓားပြတွေနဲ့ မလေးရှာ ရေတပ်တို့ ဆွေးနွေးညှိနှိုင်းနေပြီး ဓားပြတွေကို အေးဆေးဆေးဆေးလက်နက်ချဖို့ တိုက်တွန်းထားတယ်လို့ ဒုဗိုလ်ချုပ် ပူဇီက ပြောဆိုပါတယ်။ [caption id="attachment_98561" align="alignright" width="383"]ဒုဗိုလ်ချုပ် အာမက်ပူဇီ ဒုဗိုလ်ချုပ် အာမက်ပူဇီ[/caption] “အတွေ့အကြုံတွေအရပြောရရင် သင်္ဘောပေါ်မှာ ပင်လယ်ဓားပြတွေနဲ့ ရုတ်ရုတ်သဲသဲမဖြစ်ဘူးဆိုရင် သင်္ဘောသားတွေရော၊ သင်္ဘောပါ ဘေးကင်းလုံခြုံ တယ်လို့ ယုံကြည်ရတယ်။” ရေနံတန်ချိန် ၇၃၀၀ တင်ဆောင်နိုင်တဲ့ ဒီသင်္ဘောဟာ ဇွန်လ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ တောင်ပိုင်း ဂျိုဟာ (Johor) ဆိပ်ကမ်းကနေ နိုင်ငံအလယ်ပိုင်းက  ကွမ်တန်မြို့ (Kuantan) ကို ခုတ်မောင်းစဉ် ပြန်ပေးဆွဲခံရတာဖြစ်ပြီး ၂ ပတ်အတွင်း ဒုတိယမြောက်သင်္ဘောတစီး ပြန်ပေးဆွဲခံခဲ့ရတာပါ။ မလေးရှားသင်္ဘောကုမ္ပဏီတခုထဲက သင်္ဘော ၂ စီး လမ်းကြောင်းတခုတည်း၊ တနေရာမှာပဲ ပြန်ပေးဆွဲခံရတာဖြစ်လို့ အရှေ့တောင်အာရှပင်လယ်ပြင်ရဲ့ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်မှုတွေဖြစ်ခဲ့ကြပါတယ်။ ဒီသင်္ဘောပေါ်မှာ သင်္ဘောဝန်ထမ်းအားလုံး ၂၂ ဦးပါဝင်ပြီး မလေးရှား ၁၆ ယောက်၊ အင်ဒို ၅ ယောက်နဲ့ မြန်မာ ၁ ယောက် ပါဝင်ပါတယ်။
6 years Ago
Up