ပျောက်ဆုံးနေသည့် တောင်တက်သမားကို ၂ ရက်အကြာတွင် အသက်ရှင်လျက် ပြန်တွေ့

March 13, 2017

ပျောက်ဆုံးနေသည့် တောင်တက်သမားကို ၂ ရက်အကြာတွင် အသက်ရှင်လျက် ပြန်တွေ့

ကယ်လီဖိုးနီးယားပြည်နယ် ဝုဒ်ဆိုဒ်မြို့မှာ ၂ ရက်ကြာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား မစ်စ်ဘတ်သ်နီးဟော်ရီကို မတ်လ ၁၁ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက ဝုဒ်ဆိုဒ်မြို့ရဲ့ အဓိကလမ်းမကြီးအနားက လျှိုမြောင်တခုထဲမှာ သူ့ကို အသက်ရှင်လျက် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်း မစ္စတာ အဒ်ဟော်ရီက ဇနီးသည်ဟာ မတ်လ ၉ ရက်နေ့က သူတို့ရဲ့ ခွေးနဲ့အတူ တောင်တက်ဖို့ ထွက်သွားပြီး ပြန်ရောက်မလာခဲ့တာကြောင့် စိတ်ပူနေခဲ့ရကြောင်း ပြောပါတယ်။ ဒီအဖြစ်အပျက်တလျှောက်လုံးမှာ သူတို့ရဲ့ခွေး ကမ်မရိုဟာ မစ်စ်ဘတ်သ် အနီးအနားမှာပဲ ရှိနေခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက မစ်စ်ဘတ်သ်နီးကို အော်ခေါ်ကြတဲ့အခါ မစ်စ်ဘတ်သ်နီးရဲ့ ပြန်အော်သံကို ကြားရပြီးနောက် ကမ်မရိုရဲ့ ဟောင်သံကိုလည်း ဆက်ကြားရတယ်လို့ ပြောပါတယ်။ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မစ်စ်ဘတ်သ်နီးဟာ ကနဦးအဆင့် မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါနဲ့ သွေးချိုရောဂါ ရှိနေပါတယ်။ ပြန်တွေ့တဲ့အချိန်မှာ ကြောက်ရွံ့တုန်လှုပ်နေပြီး သူ့ရဲ့အခြေအနေက စိုးရိမ်ရတယ်လို့ အန်ဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up