ပျောက်ဆုံးဂျာနယ်လစ် ရှာဖွေရေး လူထုပူးပေါင်းကူညီရန် ဆွီဒင်ရဲ နှိုးဆော်

August 17, 2017

ပျောက်ဆုံးဂျာနယ်လစ် ရှာဖွေရေး လူထုပူးပေါင်းကူညီရန် ဆွီဒင်ရဲ နှိုးဆော်

အသက် ၃၀ အရွယ် ဆွီဒင်နိုင်ငံသူ ဂျာနယ်လစ် ကင်မ်ဝေါလ် ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး လူထုကို ပူးပေါင်းပါဝင်ကူညီဖို့ ဆွီဒင်ရဲတွေက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ပျောက်ဆုံးနေတဲ့ ဆွီဒင်နိုင်ငံသူ ဂျာနယ်လစ်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဆွီဒင်ရဲတွေက ပြည်သူလူထုကိုပါ ရှာဖွေမှုမှာကူညီဖို့ သြဂုတ် ၁၅ ရက်နေ့က နှိုးဆော်လိုက်တာပါ။ အသက် ၃၀ အရွယ် ဂျာနယ်လစ် ကင်မ်ဝေါလ်ဟာ ရေငုပ်သင်္ဘော လိုက်စီးပြီးနောက်မှာ ပျောက်ဆုံးနေတာကြောင့် ရေငုပ်သင်္ဘောပိုင်ရှင်ကို လူသတ်မှုနဲ့ တရားစွဲဆိုထားတယ်လို့ သြဂုတ် ၁၃ ရက်နေ့မှာ ဒိန်းမတ်ရဲတွေက ပြောပါတယ်။ ရေငုပ်သင်္ဘောကိုတော့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တောင်ဘက် ခိုးပင်လယ်အော်ရဲ့ ရေအောက် ၇ မီတာမှာ သြဂုတ် ၁၂ ရက်နေ့က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ဆိပ်ကမ်းကို ပြန်ယူလာခဲ့ပါတယ်။ တမင်တကာ နှစ်မြုပ်ခဲ့ပုံရတဲ့ သင်္ဘောပျက်ထဲမှာတော့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူးလို့ ရဲတွေက ပြောပါတယ်။ ၁၇ မီတာအရှည်ရှိတဲ့ ရေငုပ်သင်္ဘောကို ကိုယ်တိုင်တည်ဆောက်ခဲ့သူ အသက် ၄၆ နှစ်အရွယ် ပီတာမဒ်ဆန်ကိုတော့ ရေတပ်က ကယ်ဆယ်ခဲ့ရပြီး ကင်မ်ဝေါလ်ကို သတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သြဂုတ် ၁၁ ရက်နေ့က ဖမ်းဆီးပြီး ၂၄ ရက်ချုပ်မိန့် ချခံထားရတယ်လို့ သိရပါတယ်။
4 years Ago
Up