ပျောက်ဆုံး

A d v e r t i s e m e n t With Us

November 13, 2018

ပျောက်ဆုံးနေသည့် ဆိုင်ကယ်ကယ်ရီသမားကို သေဆုံးလျက်ပြန်တွေ့

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမှာ ဆိုင်ကယ်ကယ်ရီလိုက်ရာမှ ပျောက်ဆုံးနေသူရဲ့ အလောင်းကို နိုဝင်ဘာ ၁၂ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဆီအုန်း ကုမ္ပဏီတခုရဲ့ လုပ်ကွက်အမှတ် ၂၆ မှာ ပုပ်ပွနေတဲ့ အလောင်းတလောင်း တွေ့ရှိတယ်လို့ အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေက သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ပွနေပြီး ပြင်ပဒဏ်ရာရှိမရှိ စစ်ဆေးနိုင်တဲ့ အခြေနေမရှိတဲ့ အမျိုးသားအလောင်းတလောင်းကို တွေ့ရှိရပြီး အလောင်းနဲ့ နှစ်ပေလောက်အကွာမှာ M တံဆိပ်ပါ အပြာရောင် လျာထိုးအုပ်ထုပ်တလုံး၊ အ၀ါရောင်ကျားစီး ဆင်ကြယ်ဖိနပ်တရံကို တွေ့ရှိရပြီး ဆေးစစ်ချက်ယူနိုင်ဖို့ အလောင်းကို ကော့သောင်း ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ သေဆုံးသူမှာ အသက်  ၅၇ နှစ်အရွယ် ဦးထွန်းရီ ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက လူတဦးကို ဖော့သုတ်ကျေးရွာကို လိုက်ပို့ရင်း ပျောက်ဆုံးသွားတာကြောင့် မိသားစုဝင်တွေက ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားတာပါ။ “ကျနော်တို့က သူသွားတတ်တဲ့နေရာတွေ၊ ဖော့သုတ်ရွာကို သွားတဲ့လမ်းကြောင်းတွေကို လိုက်ရှာတာ အခု ၁၀ ရက်ကြာမှ မထင်ထားတဲ့နေရာမှာ အလောင်းအဖြစ် ပြန်တွေ့တာဖြစ်တယ်” လို့  ဆိုင်ကယ်ကယ်ရီသမား ကိုအောင်က ပြောပါတယ်၊။ လတ်ကိုကိုဦး
2 years Ago

October 28, 2018

ပျောက်ဆုံး ရွှေစေတီနှင့်ဆင်စွယ်ပန်းပုရုပ်တုကိစ္စ စုံစမ်းစစ်ဆေးမည်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်​ရှိ ကျောင်းတော်ရာဘုရားမှာ လွန်​ခဲ့​တဲ့ နှစ်ပေါင်းများစွာက ​ပျောက်​ဆုံးခဲ့တဲ့ ​ရွှေ​စေတီနဲ့ ဆင်​စွယ်​ပန်းပုရုပ်​တုတွေနဲ့ ပတ်သက်လို့ စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။ လွန်​ခဲ့တဲ့ နှစ်​ ၇၀ လောက်က ​ပျောက်​ဆုံးခဲ့တဲ့ ​ကျောင်း​တော်​ရာဘုရား ဌာပနာ ​ရွှေ​စေတီနဲ့ နှစ်​ ၅၀ လောက်က ​ပျောက်​ဆုံးခဲ့တဲ့ ဆင်​စွယ်​ ပန်းပုရုပ်​တုကိစ္စနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ရုံးမှာ ​အောက်​တိုဘာလ ၂၆ ရက်​​နေ့ မနက်​ပိုင်းက သတင်းစာရှင်းလင်းပွဲလုပ်​ခဲ့တာပါ။ မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုက "အင်​မတန်​ တန်​ဖိုးရှိပြီး ​ရွှေစင်​ နှစ်​ပိဿာ လောက်ရှိတဲ့ ဘုရားကြီး ဌာပနာထဲက ရရှိခဲ့ပြီး​ ပျောက်​ဆုံး​နေတာပါ။ ​ရှေး​ဟောင်းပြတိုက်​ထဲမှာ ငယ်​ငယ်​က ​တွေ့ဖူးတဲ့ ဆင်​စွယ်​ပန်​ပုရုပ်​ ဘယ်​​ရောက်​လို့​ရောက်​မှန်း မသိဘူး။၁ ၉၉၆ ခုနှစ်​က ​ထောက်​လှမ်း​ရေးက လာ​ရောက်​စစ်​​ဆေးပြီး ​ရွှေ​စေတီဟုတ်​တယ်​၊ ပါကစ္စတန်​ နိုင်​ငံ​ရောက်​သွားပြီ၊ ရန်​ကုန်​ပြန်​​ရောက်​​နေပြီလို့​ပြောတယ်​။ မ​ကွေးတိုင်းရဲ့ အထင်​ကရ ဘုရားတစ်​ဆူဖြစ်​တဲ့ ​ကျောင်း​တော်​ရာဘုရားကိစ္စကို ပြည်​ထဲ​ရေး ပြည်​​ထောင်​စုဝန်​ကြီးနဲ့၊ သာသနာ​ရေးဝန်​ကြီးထံ စာတင်​ဖို့လိုအပ်​တယ်​။ ဆင်​စွယ်​ကိစ္စက နှစ်​​ပေါင်း ​ငါးဆယ်​ခန့်​သာရှိပြီး ​ရွှေစင်​ဘုရားက နှစ်​ ၇၀ ​လောက်​ရှိမယ်​” လို့ ဒီဗွီဘီကို​ပြောပါတယ်​။ ပွင့်ဖြူမြို့ ​ညောင်​ခြုံ အလယ်​ကုန်းရွာ ​ကျောင်​ထိုင်​ဆရာ​တော်​ ဦးနန္ဒနက "တကယ်​​တော့ ​ကျောင်း​တော်​ရာဘုရား ဌာပနာ ပစ္စည်း ​ပျောက်​တယ်​ဆိုတာ အမှန်​ပါ။ ဆေးဝင်္ကဘာ ဆရာ​တော်​ရှိစဉ်​က ဌာပနာ ထွက်​လာတဲ့ပစ္စည်းကို ပြန်​မထည့်ရဘူးဆိုလို့ ပစ္စည်း​ပေါင်း ၁၂၄ ခု မြန်​မာသက္ကရာဇ်​ ၁၃၂၀ ခုမှာ ​ပျောက်​ခဲ့တာပါ။ ဆင်​စွယ်​ရယ်​၊ ​ငွေပြဿဒ်​ တခုရယ်​ ​ပျောက်​သွားတယ်​။ နောက်​ပိုင်းမှာ ​ဂေါပက​တွေက စာရင်း​ဖျောက်​ပစ်​တယ်​လို့ ကြားတယ်​" လို့ ဆိုပါတယ်​။ သတင်းစာရှင်းလင်းပွဲမှာ မ​ကွေးတိုင်း​ဒေသကြီး လုံခြုံ​ရေးနဲ့ နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်မှူးကြီးမင်းဦးက စုံစမ်းစစ်​​ဆေး​ရေး အဖွဲ့နဲ့ စစ်​​ဆေးပြီး ပြည်​​ထောင်​စုအစိုးရကို တင်​ပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ရဲ့ ဇာတိ​မြေ ပွင့်ဖြူမြို့နယ်​ရှိ ​ကျောင်း​တော်​ရာဘုရားဟာ တန်​ခိုးကြီးဘုရားတဆူဖြစ်​ပါတယ်။ သတင်းစာရှင်းလင်းပွဲကို ဌာနဆိုင်​ရာ အကြီးကဲ​တွေနဲ့ မ​ကွေးတိုင်းအတွင်း သတင်း​ထောက်​​တွေ တက်​​ရောက်​သတင်းယူခဲ့တယ်​လို့ သိရပါတယ်​။ သတင်း-မင်းထီး
2 years Ago
More News
Up