ပေးအပ်

February 3, 2018

မုံရွာတွင် တောင်သူ ၁၈ ဦးကို မြေယာလျော်ကြေးငွေများ ပေးအပ်

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ မုံရွာမြို့နယ်က တောင်သူ ၁၈ ဦးကို မြေယာလျော်ကြေးငွေ ပထမအကြိမ်အဖြစ် ပေးအပ်ခဲ့ပါတယ်။ မုံရွာမြို့နယ်၊ အလုံတောင်ကွင်း၊ ကွင်းအမှတ် ၃၂၇ မှ မြေဧက ၁၁.၀၇ ဧကကို ထမံသီရေအားလျှပ်စစ်စီမံကိန်း ကြားစခန်းအတွက် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ စူးစမ်းလေ့လာရေးဌာနခွဲက လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က သိမ်းဆည်းခဲ့တာပါ။ အဲဒီထဲက အဆင့်ဆင့်စိစစ်ပြီး ရုံးအဆောက်အဦမရှိတဲ့ မြေကွက်အချို့ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဖေဖော်ဝါရီ ၂ ရက် မနက်က မြေယာလျော်ကြေးပေးအပ်ခဲ့တာပါ။ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်ကျော်က "ရုံးအဆောက်အဦမရှိတဲ့ ၃ ဧကကို ပြန်ပေးမှာပါ။ ရုံးအဆောက်အဦတွေ ဆောက်ထားတာကတော့ ၇ ဧကကျော်ရှိတာပေါ့။ အဲဒါတွေကိုတော့ ခုလို လျော်ကြေးပေးမယ်။ ပြီးရင် ဌာနပိုင်ဂရန် ပြန်လုပ်မယ်ပေါ့။ စုစုပေါင်း ၁၂၉ ဦးထဲက ၉၆ ဦးကို မြေယာလျော်ကြေးပေးမယ်။ ကျန်တာကတော့ မြေကွက်ပြန်ပေးမှာပါ။ အခုပေးတာက ပထမအကြိမ်အဖြစ် မြေကွက် ၃၃ ကွက်၊ တောင်သူ ၁၈ ဦးပေါ့။ ဒုတိယအကြိမ်စိစစ်ပြီးတော့ ၂၄ ဦးအတွက်လည်း ရန်ပုံငွေတောင်းခံထားပါတယ်။ တတိယ အကြိမ်ကတော့ စိစစ်နေဆဲပါ” လို့ပြောပါတယ်။ အထောက်အထားခိုင်လုံတဲ့ တောင်သူ ၁၈ ဦးရဲ့ မြေယာအကွက် ၃၃ ကွက်ကို တစ်ကွက်လျှင် ၅၅ သိန်းကျပ်နှုန်းနဲ့ ကျပ် ၁၈၁၅ သိန်းကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တောင်သူတွေထက်ထဲကို ပေးအပ်ခဲ့ပါတယ်။ မြေယာလျော်ကြေးတွေကို မုံရွာမြို့နယ် မြေနေရာကာလတန်ဖိုးစိစစ်ရေးအဖွဲ့ရဲ့ သတ်မှတ်နှုန်းထားဖြစ်တဲ့ ၁ ဧကကို ကျပ်သိန်း ၁ ထောင်နှုန်းနဲ့ လျော်ကြေးငွေပေးနေ တာဖြစ်ပါတယ်။ ဒီမြေနေရာတွေအတွက် ဦးစီးဌာနက လျော်ကြေးပေးမှာဖြစ်တဲ့အတွက် လာရောက်ဆက်သွယ်ကြဖို့ ၂၀၁၇နိုဝင်ဘာ ၃ ရက်က မြန်မာ့အလင်းသတင်းစာမှာ ကြော်ငြာတွေထည့်သွင်းခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာ ၆၉ ဦး ဆက်သွယ်လာတယ်ရှိတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကန့်ဘလူ၊ ကလေး၊ ရွှေဘို၊ မုံရွာ စတဲ့နယ်တွေမှာ မြေယာဧက ၁၀၀၀ ကျော်ကို ပြန်လည်ပေးအပ်ပြီးဖြစ်တယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမြေယာပြဿနာ ၁၀၀၀လောက်ရှိတဲ့အထဲက ၇၀ လောက်သာ ဖြေရှင်းဖို့ကျန်တော့တာဖြစ်ပြီး ကျန်နေသေးတဲ့မြေယာပြဿနာတွေကိုလည်း အခုနှစ် ၈ လပိုင်းမှာ အပြီးဖြတ်ဖို့ ဗဟိုမြေစစ်အဖွဲ့က လမ်းညွှန်ထားတယ်လို့ တိုင်းမြေစစ်အဖွဲ့ထံကသိရပါတယ်။ ခရိုင်အဆင့်က မြေယာပြဿနာတွေကိုလည်း အမြန်ဆုံးတင်ပြကြဖို့ကို ညွှန်ကြားထားတာတွေ လည်းရှိပါတယ်။
3 years Ago

January 1, 2018

မိုးညှင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ကချင်တိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသားစစ်ရှောင် စခန်းတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပစ္စည်းတွေကို ၂၀၁၇ ခုနှစ်အတွက် အပြီးသတ်ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အင်းတော်ကြီးနန့်မွန်းကျေးရွာမှာ ၆ နှစ်ကြာနေထိုင်ကြရတဲ့ ကချင်စစ်ရှောင်စခန်း၊ မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်နန့်ရင်းချောင်းဘေး ရှမ်းမြောက်ပိုင်းစစ်ရှောင်စခန်း၊ မိုးညှင်းမြို့ အောင်သပြေရပ် စိန့်ပက်ထရစ် စစ်ရှောင်စခန်း တို့ကို နှစ်ထပ်စောင်တွေ သွားရောက်ပေးအပ်ခဲ့ကြပါတယ်။ အလားတူ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ကချင်အထူးစီမံချက်ရုံး အသက်မွေးဝမ်းကျောင်းအတွက် စစ်ရှောင်မိသားစုတွေကို တအိမ်ထောင် ကျပ်နှစ်သိန်းငါးသောင်း ပေးအပ်ထောက်ပံပေးခဲ့တယ်လို့ သိရပါတယ်။ မုန်းမုန်းမင်း
3 years Ago
More News
Up