ပေါ့ဘာ ၂ ဂိုးသွင်းပြီး ဖီနာဘာချီကို မန်ယူ ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

October 21, 2016

ပေါ့ဘာ ၂ ဂိုးသွင်းပြီး ဖီနာဘာချီကို မန်ယူ ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် အုပ်စုအေ ပွဲစဉ် ၃ အဖြစ် အင်္ဂလန်ထိပ်သီး မန်ချက်စတာယူနိုက်တက်နဲ့ တူရကီကလပ် ဖီနာဘာချီတို့ အောက်တိုဘာ ၂၀ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူဟာ ဒီပွဲမှာ လူအပြောင်းအလဲ အနည်းငယ်ပြုလုပ်ခဲ့ပြီး အသင်းခေါင်းဆောင် ရွန်နီ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့သလို ကွင်းလယ်မှာလည်း ပေါ့ဂ်ဘာနဲ့ ကာရစ်ကို အထိုင်ချခဲ့ပါတယ်။     မန်ယူဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းနဲ့ အသာစီးရခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အသာစီး ယူနိုင်ခဲ့ပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၁ မိနစ်နဲ့ ၄၅ မိနစ်မှာ ပေါ့ဂ်ဘာက ၂ ဂိုး၊ ၃၄ မိနစ်မှာ မာရှယ်နဲ့ ၄၈ မိနစ်မှာ လင်ဂတ်တို့က သွင်းယူပေးခဲ့တာပါ။ ဖီနာဘာချီအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ မန်ယူကစားသမားဟောင်း ဗန်ပါစီက ပွဲချိန် ၈၃ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ အုပ်စုအေ အခြားပွဲစဉ်မှာတော့ နယ်သာလန်ကလပ် ဖီယင်နုက ယူကရိန်းကလပ် ဇော်ယာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုမှာ ၃ ပွဲစီ ကစားပြီးချိန်မှာတော့ မန်ယူနဲ့ ဖီယင်နုတို့က ရမှတ် ၆ မှတ်စီ တူညီနေပေမယ့် ဂိုးကွာခြားချက်အသာနဲ့ မန်ယူက အုပ်စု ပထမ၊ ဖီယင်နုက အုပ်စု ဒုတိယ၊ ဖီနာဘာချီက ရမှတ် ၄ မှတ်နဲ့ အုပ်စုတတိယ၊ ဇော်ယာကတော့ ရမှတ် ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up