ပေါ့ဘာဟာ စွယ်စုံရကစားသမားတဦးဟု မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ် ပြော

August 14, 2016

ပေါ့ဘာဟာ စွယ်စုံရကစားသမားတဦးဟု မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ် ပြော

မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာဟာ စွယ်စုံရ ကစားသမားတဦးဖြစ်ပြီး သူ့ကိုခေါ်ယူနိုင်ခဲ့တာဟာ ကံကောင်းမှုတခုဖြစ်တယ်လို့ မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ်က ချီးကျူးပြောကြားလိုက်ပါတယ်။ အီတလီကလပ်ဂျုဗင်တပ်စ်အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ပေါ့ဘာဟာ ကွင်းလယ်၊ တိုက်စစ်နဲ့ ခံစစ်ပိုင်းတွေမှာ အကောင်းဆုံးကစားနိုင်သလို ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းခြေလည်းရှိတာကြောင့် အသင်းမှာ ဒီလိုစွယ်စုံရတဲ့ ကစားသမားတဦးရှိတာဟာ ကံကောင်းတယ်လို့ လူငယ်တိုက်စစ်မှူး ရက်ဖို့ဒ်ကဆိုပါတယ်။ ပေါ့ဘာဟာ ဂျူဗင်တပ်စအသင်းမှာ ကစားခဲ့တုန်းက ပွဲပယ်ပြစ်ဒဏ်ရှိခဲ့လို့ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ အသက် ၁၈ နှစ်သာရှိသေးတဲ့ အင်္ဂလက်ရွေးစင်တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာ သီက မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁၁ ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်း ခဲ့ပါတယ်။ မန်ယူတိုက်စစ်မှာ အီဗရာဟီမိုဗစ်နဲ့ ရွန်းနီတို့လိုအတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးတွေရှိတာ ကြောင့် သူတို့ဆီက အများကြီးသင်ယူသွားမယ်လို့လည်း ရက်ဖို့ဒ်က ပြောပါတယ်။
5 years Ago
Up