ပေါ့ဘာ

July 13, 2019

မန်ယူက ပေါ့ဘာဈေးနှုန်း ပေါင်သန်း ၁၈၀  သတ်မှတ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါလ်ပေါ့ဘာရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၈၀ သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။ အစောပိုင်းကတည်းက အသင်းကနေ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ပေါ့ဘာကို ဆက်လက်ထိန်းသိမ်းထားလိုပေမယ့် နောက်ဆုံးမှာတော့ ပြောင်းရွှေ့ကြေး တရားဝင်သတ်မှတ်ပေးခဲ့တာပါ။ ပေါ့ဘာဟာ အသင်းကနေ ထွက်ခွာဖို့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာနဲ့အတူ ကြိုးစားနေပြီး လက်ရှိမှာတော့ ကလပ်ဘက်က တန်ကြေးတရပ်ကို ထုတ်ပြန်ခဲ့တာပါ။ ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့က ချိတ်ဆက်နေပေမယ့် အခုလိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တာကြောင့် စိတ်ဝင်စားမှု လျော့ကျသွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ အစောပိုင်းကတည်းက ပေါ့ဘာရဲ့လက်ရှိ လုပ်ခလစာထက် ၂ ဆများတဲ့ လစာပေးပြီး ခေါ်ယူဖို့ နှစ်သင်းစလုံးက ပြင်ဆင်ခဲ့ဖူးပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်ကွင်းလယ်လူကို အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဆက်ထိန်းထားချင်တာကြောင့် အခုလို လုပ်ဆောင်နေတာဖြစ်ပေမယ့် ပေါ့ဘာကတော့ အသင်းကနေ ထွက်ခွာဖို့ အသင့်ရှိနေသလို အသင်းဖော်တွေနဲ့လည်း မကြာခဏ စိတ်ဝမ်းကွဲတဲ့ ပြဿနာတွေ ရှိနေပါတယ်။
2 years Ago

July 6, 2019

 ပေါ့ဘာ မန်ယူမှထွက်ခွာချင်နေပြီဟု အေးဂျင့်ပြော

ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေပြီလို့ အေးဂျင့်ဖြစ်တဲ့ ရွိုင်းအိုလာက ထုတ်ဖော်ပြောကြားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အသင်းသစ်တသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာ လူတိုင်းသိနေကြတာကြောင့် အပြောင်းအရွှေ့ကိုလည်း အမှန်တကယ်အကောင်အထည်ပေါ်လာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းက ပေါ့ဘာဟာ အသင်းကနေထွက်ခွာဖို့ ရည်ရွယ်ချက်ရှိနေပြီး စိန်ခေါ်မှုအသစ်တွေ ရှာဖွေရမယ့်အချိန်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ ပေါ့ဘာဟာ သြစတြေးလျကို သွားမယ့် ရာသီကြိုခြေစမ်းပွဲစဉ်တွေကိုလည်း လိုက်ပါဖို့ ရာခိုင်နှုန်း နည်းနေပါတယ်။ ဒါပေမယ့် အသင်းဘက်ကတော့ လိုက်ပါလာဖို့ မျှော်လင့်နေပြီး အိုးထရက်ဖိုဒ့်မှာပဲ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်နှစ်သင်းစလုံးဟာ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးတဲ့ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ တောက်လျှောက်ဆက်သွယ်ကြိုးစားနေဆဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုအပါအဝင် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့ ရရှိထားတဲ့ အဲ့ဒီပြင်သစ်ကစားသမားဟာ အသက် ၂၆ နှစ်အရွယ် ရှိလာပြီ ဖြစ်လို့ ကစားသမားတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ အသင်းကြီးကို ပြောင်းရွှေ့သင့်ကြောင်း ဘောလုံးသုံးသပ်သူတွေကလည်း ရေးသားနေကြပါတယ်။
2 years Ago
More News
Up