ပေါ့ပ်အဆိုတော် မိုင်လီဆိုင်းရပ်စ် ဟီလာရီအတွက် မဲဆွယ်စည်းရုံး

October 23, 2016

ပေါ့ပ်အဆိုတော် မိုင်လီဆိုင်းရပ်စ် ဟီလာရီအတွက် မဲဆွယ်စည်းရုံး

နာမည်ကြီး ပေါ့ပ် အဆိုတော် မိုင်လီ ဆိုင်းရပ်စ်ကလည်း ဟီလာရီ ကလင်တန်အတွက် မဲအောင်နိုင်ရေး စည်းရုံးပွဲတွေမှာ ပါဝင်လာပါတယ်။ ဗာဂျီးနီးယား ပြည်နယ်ထဲက ဂျော့ခ်ျ မာဆန် တက္ကသိုလ်ဝင်းထဲမှာ မိုင်လီက တက္ကသိုလ် ကျောင်းသားတွေကို ဟီလာရီကို မဲပေးဖို့ တခန်း တက်ဆင်း စည်းရုံးရေး ဆင်းပေးနေတာပါ။ “ဂီတကို လုပ်ရင်းနဲ့ ကိုယ့်ကို လူသိလာတယ်၊ ပရိသတ် ရလာတယ်။ ဒါပေမယ့် အခုလို အရေးကြီးတချိန်မျိုးမှာ ကိုယ့်ပရိသတ်ကို ပြောချင်တာက ကျမ စကား နားထောင်ကြပါ။ ဒီလို လုပ်ရတာလည်း တကယ်ပဲ စိတ်လှုပ်ရှားဖို့ ကောင်းတယ်” လို့ မိုင်လီ က ဆိုပါတယ်။ မိုင်လီ ဆိုင်းရပ်စ်ဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ  မူးယစ်ဆေးကိစ္စ၊ လိင်စိတ်ကို နှိုးဆွတဲ့ အကနဲ့ အ၀တ်အစားတွေကြောင့် နာမည် ကြီးလာသူ ဖြစ်ပါတယ်။ သူဟာ ဒစ္စနေးက ထုတ်လုပ်တဲ့ "Hannah Montana," တီဗီဇာတ်လမ်းတွဲမှာ ဆယ်ကျော်သက် ကြယ်ပွင့်ဘ၀နဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်လာခဲ့သူပါ။ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ MTV  ဂီတ ဆုပေးပွဲမှာ လိင်စိတ်နှိုးဆွတဲ့ အကနဲ့ ဖျော်ဖြေခဲ့တဲ့နောက် ပေါ့ပ်ဂီတလောကမှာ လူဆိုးမလေးတယောက်အဖြစ် ပြောင်းလဲသွားပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ ၈  ကျင်းပမှာ ဖြစ်ပြီး နောက်ဆုံး အကြို စစ်တမ်းတွေအရ ဟီလာရီကလင်တန်က ဒေါ်နယ်ထရမ့်ကို ပြတ်ပြတ်သားသား အနိုင်ရထားပါတယ်။  
6 years Ago
Up