ပေါ့ပ်စူပါစတားအဆိုတော် ဂျော့ခ်ျမိုက်ကယ် ကွယ်လွန်

December 26, 2016

ပေါ့ပ်စူပါစတားအဆိုတော် ဂျော့ခ်ျမိုက်ကယ် ကွယ်လွန်

နာမည်ကျော် ပေါ့ပ်စူပါစတားအဆိုတော် ဂျော့ခ်ျမိုက်ကယ်ဟာ အသက် ၅၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရသူတဦးက ပြောပါတယ်။ သူဟာ ၁၉၈၀ ပြည့်နှစ်တွေက အောင်မြင်ထင်ရှားခဲ့သူတဦးဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ အောက်စ်ဖို့ဒ်ရှိုင်းယားအရပ်က နေအိမ်မှာ ငြိမ်းချမ်းစွာပဲ ကွယ်လွန်သွားခဲ့တာပါ။ သိမ်းစ်ဗေလီရဲတွေကတော့ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးခဲ့ပေမယ့် သံသယဖြစ်စရာ အခြေအနေ တစုံတရာ မရှိခဲ့ဘူးလို့ ပြောပါတယ်။ Wham! ဂီတအဖွဲ့မှ ခရီးဖော် အဲန်ဒရူး ရစ်ဂ်ျလေကတော့ ခုလို ဆုံးရှုံးရတဲ့အပေါ် သူ့အနေနဲ့ တကယ့်ကို ဝမ်းနည်းစိတ်ထိခိုက်မိတယ်လို့ ပြောလိုက်ပါတယ်။ နာမည်ကျော် အဆိုတော် အယ်လ်တန်ဂျွန်ကလည်း သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ မိုက်ကယ်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတပုံကို တင်ခဲ့ပြီး “ကျနော် တကယ့်ကို အံ့သြတုန်လှုပ်ခဲ့ပါတယ်။ ကျနော့်ရဲ့ အချစ်ဆုံး၊ ကြင်နာတတ်တဲ့ ပါရမီရှင် ဂီတသမားတဦး ဆုံရှုံးခဲ့ရပြီ။ သူ့ရဲ့ မိသားစုဝင်တွေ၊ ပရိသတ်တွေနဲ့ ထပ်တူ ယူကြုံးမရဖြစ်မိပါတယ်” လို့ ရေးခဲ့ပါတယ်။ မိုက်ကယ်ရဲ့ ပြောရေးဆိုခွင့်ရသူက သတင်းထုတ်ပြန်ချက်ထဲမှာ “မိသားစုဝင်တွေရဲ့ ချစ်လှစွာသော သား၊ ညီအစ်ကို၊ မိတ်ဆွေ ဂျော့ခ်ျဟာ ခရစ္စမတ်ကာလအတွင်း နေအိမ်မှာပဲ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါပြီ။ ခုလိုအခြေအနေမှာ မိသားစုဝင်တွေအနေနဲ့ များစွာ ပူဆွေးဝမ်းနည်းပြီး စိတ်ထိခိုက်နေရတာမို့ တခြား မှတ်ချက်တစုံတရာ မပေးနိုင်သေးပါဘူး” လို့ ဖော်ပြထားတာပါ။ မိုက်ကယ်ကို လန်ဒန်မြို့မြောက်ပိုင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ဂီတသက်တမ်းတလျှောက် ဆယ်စုနှစ် ၄ စုနီးပါးမှာ အယ်လ်ဘမ်ချပ်ရေ သန်းတရာကျော် ရောင်းချခဲ့ရတာပါ။ သူ့ရဲ့ ပထမဆုံးအယ်လ်ဘမ်ကတော့ ငယ်စဉ်ကတည်းက ကျောင်းနေဘက် သူငယ်ချင်းတဦးဖြစ်တဲ့ ရစ်ဂ်ျလေနဲ့အတူ တွဲဖက်တည်ထောင်ထားတဲ့ Wham! ဂီတအဖွဲ့ အယ်လ်ဘမ်ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မိုက်ကယ်ဟာ သီချင်းရေးသူ၊ ထုတ်လုပ်သူ စတဲ့ အလုပ်တွေကိုပါ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာက သူ့ကို အကျော်ကြားဆုံး အနုပညာရှင်တဦး ဖြစ်လာစေခဲ့တာပါပဲ။ သူ့ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အယ်လ်ဘမ်တွေကတော့...
  • Wake Me Up Before You Go Go (with Wham!) - 1984
  • Freedom (with Wham!) - 1984
  • Careless Whisper - 1984
  • I'm Your Man (with Wham!) - 1985
  • The Edge of Heaven (with Wham!) - 1986
  • A Different Corner - 1986
  • I Knew You Were Waiting For Me (with Aretha Franklin) - 1987
  • Don't Let the Sun Go Down on Me (with Elton John) - 1991
  • Five Live EP (with Queen and Lisa Stansfield) - 1993
  • Jesus To A Child - 1996
  • Fastlove - 1996
တွေပဲ ဖြစ်ပါတယ်။ ဂျော့ခ်ျမိုက်ကယ်ရဲ့ နာမည်ကြီးသီချင်းတွေက Careless Whisper သီချင်း
5 years Ago
Up