ပေါ့ဂ်ဘာ၏ နောက်ကျသွင်းဂိုးဖြင့် မစ်ဒယ်ဘရော့ကို မန်ယူ အနိုင်ယူ

January 1, 2017

ပေါ့ဂ်ဘာ၏ နောက်ကျသွင်းဂိုးဖြင့် မစ်ဒယ်ဘရော့ကို မန်ယူ အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် မန်ယူနဲ့ မစ်ဒယ်ဘရော့တို့ ဒီဇင်ဘာ ၃၁ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပုံမှန်ခြေစွမ်းပြန်ပြနေတဲ့ မန်ယူဟာ ဒီပွဲမှာလည်း ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းပြမှုနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးပွဲ ၅ ပွဲဆက် အနိုင်ရခဲ့တာပါ။ ပွဲချိန် ၃၈ မိနစ်မှာ မန်ယူအတွက် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျ ဂိုးသွင်းယူခဲ့ပေမယ့် ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့လို့ မန်ယူ နစ်နာခဲ့ရပါတယ်။ ဒီ့နောက် အဖွင့်ဂိုးကို မစ်ဒယ်ဘရော့က ရသွားပြီး ၆၇ မိနစ်မှာ လိဒ်ဘစ်တာက သွင်းယူပေးခဲ့တာပါ။ မန်ယူအတွက် ချေပဂိုးကို ၈၅ မိနစ်မှာ အီဘရာဟီမိုဗစ်ခ်ျရဲ့ ပေးပို့မှုကတဆင့် မာရှယ်က သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ၈၇ မိနစ်မှာ ပေါ့ဂ်ဘာက သွင်းယူပေးခဲ့ပါတယ်။ မန်ယူအတွက် ခြေစွမ်းပြကစားပြီး အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ပေါ့ဂ်ဘာလည်း ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီပွဲအပြီးမှာတော့ မန်ယူက ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၆ မှာပဲ ရပ်တည်နေသလို မစ်ဒယ်ဘရော့ကတော့ ၁၈ မှတ်နဲ့ အဆင့် ၁၆ မှာ ရှိနေပါတယ်။
5 years Ago
Up