ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းမှု မရရှိသေးဘူးလို့ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။
မန်ယူကွင်းလယ် ကစားသမား ပေါ့ဂ်ဘာဟာ အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိနေပြီး ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်သွားချင်တယ်လို့ ပေါ့ဂ်ဘာက ဝန်ခံထားတာနဲ့ပတ်သက်ပြီး မန်ယူအသင်းမှာပဲ သူ့အတွက် စိန်ခေါ်မှုအသစ်တွေ ပေးစွမ်းနိုင်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။
ဒါ့အပြင် ပေါ့ဂ်ဘာဟာ ထိပ်တန်းကစားသမားတဦးဖြစ်ပြီး ပြဿနာတစုံတရာလည်း မရှိကြောင်းနဲ့ သူ့အတွက် ကမ်းလှမ်းမှုလည်း မရှိကြောင်း နည်းပြဆိုးလ်ရှားက ပြောကြားလိုက်တာပါ။
ဆန်းချက်ဇ်နဲ့ပတ်သက်ပြီး ပြောကြားရာမှာတော့ လာမယ့်ရာသီမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ ကူညီပေးသွားမှာဖြစ်တယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။
တိုက်စစ်မှူး လူကာကူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ အသင်းဘက်က ဘယ်ကစားသမားကိုပဲ ရောင်းချခဲ့သည်ဖြစ်စေ အစားထိုးနိုင်တဲ့ ကစားသမား ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။
2 years Ago