ပေါလ်စခိုးလ်

February 13, 2019

နည်းပြဘ၀ ပထမဆုံးပွဲစဉ် ဂိုးပြတ်အနိုင်ရခဲ့သည့် ပေါလ်စခိုးလ်

အိုဟမ်းအသင်းမှာ နည်းပြချုပ်အဖြစ်တာဝန်ယူနေတဲ့ ပေါလ်စခိုးလ်ဟာ သူ့ရဲ့ ပထမဆုံးပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲနဲ့ အဖွင့်လှသွားခဲ့ပါတယ်။ လိဂ်တူးကလပ် အိုဟမ်းအသင်းဟာ မနေ့ညက ယိုဗီးလ် တောင်းအသင်းနဲ့ လိဂ်ပွဲစဉ်ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ၄ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူ ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်အတွက် နည်းပြဘ၀ ပထမဆုံးပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။   အိုဟမ်းအသင်းဟာ ပွဲချိန် ၄၅၊ ၅၁ မိနစ်တွေမှာ ၂ ဂိုးနဲ့ ပွဲပြီးခါနီးတွေမှာ ၂ ဂိုးဆက်သွင်းယူခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ အိုဟမ်းအသင်းဟာ ပေါလ်စခိုး မကိုင်တွယ်ခင်က အဆင့်၁၅ မှာ ရောက်နေတာဖြစ်ပြီး ဂိုးပြတ်အနိုင်ရလဒ်ကြောင့် အဆင့်ရပ်တည်မှု မြင့်တက်လာခဲ့ပါတယ်။ အိုဟမ်းအသင်းဟာ ပေါလ်စခိုးလ် ငယ်ဘ၀ ကစားခဲ့ဖူးတဲ့အသင်းဖြစ်ပြီး  သူ့ကို ၁၈ လ စာချုပ်သက်တမ်းနဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့တာပါ။
2 years Ago
Up