ပေါလ်စခိုး

June 20, 2019

မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုး ဘောလုံးပွဲလောင်း၍ ဒဏ်ရိုက်ခံရ

အင်္ဂလန်နဲ့ မန်ယူ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးဟာ ဘောလုံးပွဲ ရာချီပြီး လောင်းခဲ့လို့ ပေါင် ၈၀၀၀ ဒဏ်ရိုက်ခံလိုက်ရပါတယ်။ ပေါလ်စခိုးဟာ ၂၀၁၅ ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ ပွဲပေါင်း ၁၄၀ ခန့် လောင်းကစား ပြုလုပ်ခဲ့တာပါ။ ပေါလ်စခိုးဟာ နေရှင်နယ်လိဂ်ပြိုင်ပွဲက ဆဲလ်ဖို့ဒ်စီးတီးအသင်းမှာ ပူးတွဲအသင်းပိုင်ရှင်အဖြစ်  တာဝန်ယူခဲ့တာကြောင့် အသင်းပိုင်ရှင်တဦးအနေနဲ့ ဘောလုံးပွဲလောင်းကစား ပြုလုပ်ခဲ့လို့ အက်ဖ်အေက စွဲချက်တင်ပြီး အရေးယူခဲ့တာ ဖြစ်ပါတယ်။ ပေါလ်စခိုးလ်လောင်းခဲ့တဲ့ ပွဲစဉ်တွေထဲမှာ မန်ယူနိုက်တက်အသင်း ပွဲစဉ် ၈ ပွဲလည်း ပါဝင်ခဲ့ပြီး ဗလင်စီယာအသင်းကို ဂယ်ရီနဗီးလ် ကိုင်တွယ်စဉ်တုန်းကလည်း ဘာစီလိုနာအသင်းကို အနိုင်ရမယ့်ဘက်ကနေ လောင်းကြေးထပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အင်္ဂလန် အက်ဖ်အေဟာ ဘောလုံးလောကမှာ ပါဝင်ပတ်သတ်နေသူတွေကို လောင်းကစား မပြုလုပ်ဖို့ စည်းကမ်းချက်ထုတ်ထားတာ ဖြစ်ပါတယ်။
2 years Ago

February 20, 2019

မန်ယူ-လီဗာပူးပွဲကသာ အင်္ဂလန်တွင် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပွဲဖြစ်ဟု ပေါလ်စခိုး ပြော

မန်ယူနဲ့ လီဗာပူးပွဲစဉ်ကသာ အင်္ဂလန်ရဲ့ ပြိုင်ဆိုင်မူအပြင်းထန်ဆုံးပွဲ ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ပေါလ်စခိုးက ပြောကြားလိုက်ပါတယ်။ မန်ယူနဲ့ လီဗာပူးအသင်းတို့ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပါတယ်။ မန်ယူနဲ့ မန်စီးတီးပွဲစဉ်က အကြီးမားဆုံး ပြိုင်ဘက်လို့ ထင်နေကြပေမယ့် အမှန်တကယ် အကြီးမားဆုံး ပြိုင်ဘက်က မန်ယူနဲ့ လီဗာပူးပွဲစဉ်သာ ဖြစ်တယ်လို့ ပေါလ်စခိုးက ဆိုပါတယ်။ မန်စီးတီးအသင်းအနေနဲ့ နောက်ပိုင်းနှစ်တွေမှာ မန်ယူအသင်းအတွက် အကောင်းဆုံးပြိုင်ဘက် ဖြစ်လာပေမယ့်လည်း အင်္ဂလိပ် ဘောလုံးလောကမှာတော့ မန်ယူနဲ့ လီဗာပူးပွဲက ပိုပြီး အကြိတ်အနယ်ရှိတဲ့ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လီဗာပူးအသင်းဟာ အမှတ်ပေးဆုဖလား ၁၈ ကြိမ် ရရှိထားပြီး မန်ယူအသင်းရဲ့ အကြိမ် ၂၀ ချန်ပီယံဆုဖလား အရေအတွက်ကို မီဖို့ ကြိုးပမ်းချက်ကို တားဆီးသွားရမှာ ဖြစ်တယ်လို့လည်း ပေါလ်စခိုးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းက အကောင်းဆုံးခြေစွမ်း ရနေပေမယ့်  မန်ယူအသင်း အနိုင်ရဖို့ မျှော်လင့်တယ်လို့လည်း ပေါလ်စခိုးက ပြောကြားသွားပါတယ်။ လီဗာပူးအသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းက မန်ယူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။
2 years Ago
More News
Up