ပေါင်းသန်း ၅၀ ရလို

May 18, 2017

ကွင်းလယ်ကစားသမား ဘာကလေအတွက် အဲဗာတန် ပေါင်းသန်း ၅၀ ရလို

အဲဗာတန်ကွင်းလယ်ကစားသမား ဘာကလေကို ခေါ်ယူလိုတဲ့ အသင်းတွေဆီကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ရဖို့ အဲဗာတန်အသင်းက အလိုရှိနေပါတယ်။ အင်္ဂလန်ကစားသမား ဘာကလေဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး စာချုပ်သစ်ကိစ္စဆွေးနွေးမှုမှာလည်း အဆင်မပြေဖြစ်နေတာပါ။ စာချုပ် ၁ နှစ်သာကျန်ရှိတော့တဲ့အတွက် စာချုပ်ကိစ္စအဆင်မပြေဘူးဆိုရင် လာမယ့်နွေရာသီမှာ ရောင်းချသွားဖို့ အဲဗာတန်အသင်းက စီစဉ်ထား တာပါ။ ဘာကလေကို လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူလိုနေတယ်လို့ သတင်းထွက်နေပါတယ်။ အဲဗာတန်အသင်းအနေနဲ့ ဘာကလေကို ရောင်းချဖြစ်မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် ဆွမ်ဆီးက ဆီဂတ်ဆန်၊ အေဂျက်ဇ်အသင်းခေါင်းဆောင် ကလက်ဆန်တို့ ကို ခေါ်ယူဖို့စီစဉ်ထားပြီး အာဆင်နယ်ကွင်းလယ်ကစားသမာ နှစ်ဦးဖြစ်တဲ့ ချိန်ဘာလိန်နဲ့သီအိုဝဲလ်ကော့ တို့ကိုလည်း စိတ်ဝင်စားနေပါတယ်။
4 years Ago
Up