ပေါင်သန်း ၃၀ အပြင် စတာလင်ကိုပါ အလိုက်ပေးပြီး ဆန်းချက်ကို မန်စီးတီး ကမ်းလှမ်း

August 31, 2017

ပေါင်သန်း ၃၀ အပြင် စတာလင်ကိုပါ အလိုက်ပေးပြီး ဆန်းချက်ကို မန်စီးတီး ကမ်းလှမ်း

အာဆင်နယ် တောင်ပံတိုက်စစ်မှူး ဆန်းချက်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ အပြင် စတာလင်ကိုပါ အလိုက်ပေး ခေါ်ယူဖို့ မန်စီးတီးအသင်းက ကမ်းလှမ်းခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ ဆန်းချက်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်ပဲ ကျန်တော့တာ ဖြစ်ပါတယ်။ အစောပိုင်းက အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကိုယ်တိုင် ဆန်းချက်ကို စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောကြားထားပေမယ့် အခုချိန်မှာ အပြောင်းအရွှေ့ကို လက်ခံဖွယ် ရှိနေပါတယ်။ ဆန်းချက်ဟာ လက်ရှိမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ချီလီအသင်းနဲ့ သွားရောက်ပူးပေါင်းနေပြီး မန်စီးတီးအသင်းနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့အတွက် ချီလီလက်ရွေးစင်ရဲ့ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
4 years Ago
Up