ပေါက်ခေါင်းမြို့

January 11, 2019

ပေါက်ခေါင်းမြို့အနီး မြေငလျင်လှုပ်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့အနီးမှာ အင်အား ရစ်ခ်ျတာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု မနေ့ညက လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၀ ရက်၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၅ မိနစ်၊ ၄၄ စက္ကန့်အချိန် ‌တောင်ငူမြေငလျင်စခန်းမှ အနောက်ဘက် ၄၅ မိုင်ခန့် ကွာဝေးတဲ့ ပေါက်ခေါင်းမြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်သွားတာလို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago

October 11, 2018

ပေါက်ခေါင်းမြို့တွင် အင်အား ၅.၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့ မြောက်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၅ နာရီလောက်က ပေါက်ခေါင်းမြို့ရဲ့ မြောက်ဘက် ၆ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် (၁၈.၉၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၅) ဒီဂရီ၊ အနက်(၈) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
3 years Ago
Up