ပေါက်တွင် လေပြင်းတိုက်ခိုက်၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

April 18, 2019

ပေါက်တွင် လေပြင်းတိုက်ခိုက်၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဧပြီ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ ၁၁ ရွာမှ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအ၀င် နေအိမ် အဆောက်အဦ ၁၁၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ​ပေါက်​မြို့နယ် ​အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်​။ ကျေးရွာ ၁၁ ရှိ လူနေအိမ် ၄ လုံး ပြိုကျတာ၊ စာသင်ကျောင်းဝန်းရှိ ပင်မ စာသင်ဆောင် နဲ့ ဆရာမတွေ နေအိမ် ၆ လုံး အမိုးလန်ပျက်စီးပြီး ဘုန်းကြီးကျောင်း ၄ ကျောင်း အမိုးလန်ပျက်စီးတာ နဲ့ လူနေအိမ်အဆောက်ဦ ၉၉ လုံး သွပ်မိုး၊ ထရံကာတွေ ပျက်စီးဆုံးရှုံးခဲ့​တာပါ။ ​လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ လင်တောင်၊ မျှားပိုင်၊ ခင်အေး၊ လေးပင်အိုင့်၊ မြေနီ(မ)၊ ပေါက်ချောင်း(ထ)စု၊ ခင်တန်းရှည်၊ သရက်တော၊ ဆပန်၊ မိုးကောင်း၊ ရွှေဘုံသာ၊ ပင်လောင်၊ ကျောက်တံခါး၊ ရွှေဘုံသာ စတဲ့ကျေးရွာတွေနဲ့ ကျောက်မဲတောင် တောတဲတိုက်တွေက အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၁၀ လောက် ရှိတယ်​လို့ သိရပါတယ်​။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေ ဦးဆောင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်​လို့သိရပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up