ပေါက်ကွဲ (ရုပ်သံ)

October 1, 2017

အင်ဒိုနီးရှား စီနာဘန်မီးတောင် ပေါက်ကွဲ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံက စီနာဘန် မီးတောင် ဗုဒ္ဓဟူးနေ့က ပေါက်ကွဲနေတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။ မီးတောင်ဟာ ပြာတွေကို ကောင်းကင်အထက် ၂.၅ ကီလိုမီတာ အမြင့်ထိ မှုတ်ထုတ်ခဲ့တာပါ။ စူမားတြားကျွန်း မြောက်ပိုင်းက မီးတောင်ပေါက်ကွဲမှုဟာ ချက်ချင်းဖြစ်လာမယ်လို့ မထင်ကြောင်းနဲ့ အံ့သြစရာ ဖြစ်ခဲ့တယ်လို့ ရုပ်သံ ရိုက်ကူးသူ မတ် ကာဝါက ပြောပါတယ်။ ဒီမီးတောင်ဟာ လတ်တလော နှစ်တွေအတွင်း အကြိမ် အတော်များများ ပေါက်ကွဲခဲ့တာပါ။ ၂၀၁၆ ခုနှစ်က ပေါက်ကွဲမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဂွန် မီးတောင် ပေါက်ကွဲနိုင်လို့ တပ်လှန့်မှု တိုးမြှင့်ထားချိန်မှာ စီနာဘန် မီးတောင်က ပေါက်ကွဲခဲ့တာပါ။ ဘာလီကျွန်းမှာတော့ လူအယောက် ၁ သိန်းကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းထားရပါတယ်။
4 years Ago
Up