ပေါက်ကွဲမှုဖြစ်

A d v e r t i s e m e n t With Us

February 24, 2019

ဆီဘောက်ဆာယာဉ် ဆီဖြည့်နေစဉ် ဖုန်းပြောရာမှ ပေါက်ကွဲမှုဖြစ်၊ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဆီဘောက်ဆာယာဉ် ဒီဇယ်ဆီဖြည့်နေစဉ် လက်ကိုင်ဖုန်း ပြောကြားနေရာမှ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် ၁ ဦး သေဆုံးသွားပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်အစောပိုင်း ၀၀း၃၀ နာရီက မုံရွာမြို့၊ ကျောက္ကာမြောက်ကျေးရွာ ရေနံကုန်းရှိ ဦးသန်းထွန်းဦးရဲ့ ရေနံချက်ဖိုမှာ ရဲဇော် နဲ့ ခိုင်ထွန်းတို့ မောင်းနှင်တဲ့ Nissan ၁၈ ဘီး ဆီဘောက်ဆာယာဉ်အတွင်း ဒီဇယ်ဆီဖြည့် နေစဉ် ယာဉ်နောက်လိုက် ခိုင်မြင့်ဦး (၄၂) နှစ် လက်ကိုင်ဖုန်းပြောနေတုန်း ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်အစောပိုင်း ၁ နာရီမှာ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ အဆောက်အဦ ၁ လုံး၊ ဒီဇယ် ၅၀ ဂါလန်လောက်၊ ယာဉ်ရဲ့ တာယာ ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ခိုင်မြင့်ဦးကတော့ မီးလောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး၊ ရဲဇော်ကတော့ ခြေဖဝါး ဒဏ်ရာအနည်းငယ်ရရှိခဲ့တာကြောင့် မုံရွာပြည်သူ့ဆေးရုံခဲ့တယ်လို့ ဆိုပါတယ်။ ခိုင်မြင့်ဦး (သေဆုံး) ကို မုံရွာမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု၊ မီးလောင်မှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago

February 14, 2019

အိန္ဒိယ ပုဂ္ဂလိက ကျောင်းတကျောင်းတွင် ပေါက်ကွဲမှုဖြစ်၊ ၁၂ ဦးထက်မနည်း ဒဏ်ရာရ

အိန္ဒိယထိန်းချုပ်ရာ ကတ်ရှ်မီးယားဒေသက  စာသင်ကျောင်းတကျောင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ခဲ့လို့ ကျောင်းသား ၁၂ ဦးထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ    ပြည်နယ်မြို့တော် ဆရီနာဂါ တောင်ပိုင်းက ဖာလိုင်းအီမီလက် ပုဂ္ဂလိကကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။ မျက်မြင်တွေကတော့ ပေါက်ကွဲမှုမဖြစ်ခင် ဘယ်လို ပစ်ခတ်မှုမျိုးမှ  မရှိခဲ့ဘူးလို့ ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းကို သဲသဲကွဲကွဲ မသိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့ အစိုးရ  ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အိန္ဒိယထိန်းချုပ်တဲ့ ကတ်ရှ်မီးယားဒေသဟာ ခွဲထွက်ရေးသမားတွေရဲ့ အကြမ်းဖက်မှုကို နှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ကတ်ရှ်မီးယားဒေသမှာ မပေါက်ကွဲသေးတဲ့ ပစ္စည်းတခုကို တွေ့ရှိပြီးနောက် ၁၃ နှစ်အရွယ် လူငယ်တဦး သေဆုံးကာ  တဦး ဒဏ်ရာ ရခဲ့ပါတယ်။
2 years Ago
More News
Up