ပေါက်ကွဲခါနီး ဖိလစ်ပိုင်မီးတောင်ကြောင့် လူ ၇ သောင်းကျော် ဘေးကင်းရာ ရွှေ့ပြောင်း

January 29, 2018

ပေါက်ကွဲခါနီး ဖိလစ်ပိုင်မီးတောင်ကြောင့် လူ ၇ သောင်းကျော် ဘေးကင်းရာ ရွှေ့ပြောင်း

ဖိလစ်ပိုင်ရဲ့ သက်ဝင်လှုပ်ရှားဆုံး မီးတောင် မေယန်ဟာ ဇန်နဝါရီ ၂၉ ရက်မှာ အယ်လ်ဘေပြည်နယ် ကောင်းကင်ယံထက်ကို မီးခိုဖြူတွေ ဆက်လက်မှုတ်ထုတ်နေပါတယ်။ လှုပ်ရှားလာတဲ့ မေယန်မီးတောင်ဟာ ချော်ပြာတွေ မှုတ်ထုတ်လာခဲ့တာ သီတင်းပတ်နှစ်ပတ် ကြာလာပါပြီ။ ရက်ပိုင်းအတွင်း မီးတောင်ပေါက်ကွဲနိုင်ချေရှိတယ်လို့ ဖိလစ်ပိုင် မီးတောင်သဘာဝနဲ့ မြေငလျင် လေ့လာရေးဌာနက ပြောထားပါတယ်။ မီးတောင်ပတ်ဝန်းကျင် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေက လူပေါင်း ခုနှစ်သောင်းကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းထားခဲ့ပြီးပါပြီ။ ဒါပေမယ့် လယ်သမားတွေ၊ မွေးမြူရေးနဲ့ သတ္တုတူးဖော်ရေး အလုပ်သမား တချို့ကတော့ အလုပ်ဆက်လုပ်ချင်လို့ ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်ကို ငြင်းဆန်နေကြကြောင်း ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။
3 years Ago
Up