ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ပေရက်ဟာ ပြင်သစ်မြေကိုပြန်ပြီး မာဆေးအသင်းမှာ ကစားဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
ပြင်သစ်ကွင်းလယ်ကစားသမား ပေရက်ဟာ မန်ယူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ကာယကံရှင် ပေရက်ကတော့ အသင်းဟောင်း မာဆေးကို ပြန်ဖို့ စိတ်ဝင်စားတယ်ဆိုပြီး ပြောဆိုထားပါတယ်။
ပေရက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်စ်ဟမ်းအသင်းနဲ့ လက်ရွေးစင် ပြင်သစ်အသင်းတို့မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ သူတို့ကစားသမားကို ရောင်းမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
6 years Ago