နေ့စဉ် စစ်ဒဏ်ခံခဲ့ရမှုအခြေနေ လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ကလေးငယ်ကို တူရကီသမ္မတ တွေ့ဆုံ

December 22, 2016

နေ့စဉ် စစ်ဒဏ်ခံခဲ့ရမှုအခြေနေ လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ကလေးငယ်ကို တူရကီသမ္မတ တွေ့ဆုံ (ရုပ်သံ)

အလက်ပိုမြို့အရှေ့ပိုင်းမှာ အစိုးရတပ်တွေရဲ့ ပိတ်ဆို့ခံရချိန် နေ့စဉ်ဘဝတွေကို အင်တာနက် လူမှုကွန်ရက်တွေပေါ် ဖော်ပြခဲ့တဲ့ အသက် ၇ နှစ်အရွယ် ဆီးရီးယားမိန်းကလေး (Bana Alabed) ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တူရကီသမ္မတနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဘာနာတို့ မိသားစု အလက်ပိုမြို့က ထွက်ခွာနိုင်ခဲ့အပြီး သမ္မတ အာဒဝမ်က ဆီးရီးယားနိုင်ငံထဲ အထူးကိုယ်စားလှယ်စေလွှတ်ပြီး အန်ကာရာမြို့တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့တာပါ။ ဘာနာဟာ အခုနှစ် စက်တင်ဘာလကစပြီး သူတို့ တွစ်တာစာမျက်နှာကနေ သူ့ရဲ့သူငယ်ချင်းတွေ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ရတဲ့အကြောင်းတွေ၊ ဗုံးဒဏ်၊ တိုက်ပွဲသံတွေကြားမှာ သူ့ရဲ့ဘဝကို ပုံမှန်ဖြတ်သန်းမှုတွေ ဖော်ပြခဲ့ပြီး သူ့ကို လူသိများတာပါ။ သူ့ရဲ့ ပို့စ်တွေကို စောင့်ကြည့်သူ ပရိသတ် ၃၂၅၀၀၀ ကျော်လည်း ရှိလာပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့က သူတို့မောင်နှမ ၂ ဦးနဲ့ သမ္မတ အာဒဝမ်တို့ တွေ့ဆုံမှုဓာတ်ပုံကို သူ့ရဲ့ တွစ်တာစာမျက်နှာမှာတင်ခဲ့ပြီး သူ တူရကီသမ္မတနဲ့ တွေ့ဆုံရတာ ဝမ်းသာရတဲ့အကြောင်းနဲ့ သူ့လို အလက်ပိုမြို့က ကလေးတွေကို စစ်ပွဲကနေ ကူညီကယ်ထုတ်ပေးခဲ့တဲ့အတွက် သမ္မတကို ကျေးဇူးတင်ရှိတဲ့အကြောင်း သူ့ရဲ့ ဗွီဒီယိုထဲမှာ ပြောဆိုခဲ့ပါတယ်။
5 years Ago
Up