နေကြတ်ခြင်းကို ကြည့်ရှုခဲ့သည့် ဒေါ်နယ်ထရမ့် မိသားစု

August 22, 2017

နေကြတ်ခြင်းကို ကြည့်ရှုခဲ့သည့် ဒေါ်နယ်ထရမ့် မိသားစု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မိသားစုဟာ သြဂုတ် ၂၁ ရက်နေ့က နေကြတ်တာကို သန်းပေါင်းများစွာသော အမေရိကန် နိုင်ငံသားတွေနဲ့အတူ ပါဝင်ကြည့်ရှုခဲ့ကြပါတယ်။ သမ္မတနဲ့ သမ္မတကတော်အပြင် ဆယ်ကျော်သက်အရွယ် သားဖြစ်သူ ဘယ်ရန် (Barron) တို့ဟာ အိမ်ဖြူတော် ဒုတိယထပ်မှာရှိတဲ့ ထရူးမန်းလသာဆောင်ကနေ နေကာမျက်မှန်တွေ ဝတ်ဆင်ပြီး နေကြတ်တာကို ကြည့်ခဲ့ကြပါတယ်။ သမ္မတရဲ့ သမီးဖြစ်သူ အီဗန်ကာ (Ivanka)၊ အစိုးရရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင် (Jeff Sessions) နဲ့ ကုန်သွယ်ရေးဝန်ကြီး ဝေလ်ဘာရော့စ် (Wilbur Ross) တို့လည်း အဲဒီမှာ အတူရှိနေခဲ့ကြတယ်လို့ သိရပါတယ်။ အိမ်ဖြူတော်ဝန်ထမ်းတွေကလည်း အဲဒီလသာဆောင်ရဲ့ အောက်ဘက် မြက်ခင်းပြင်ပေါ်ကနေ မျက်မှန်တွေတပ်ပြီး ကြည့်ခဲ့ကြပါတယ်။ ရက်သတ္တပတ်များစွာ စောင့်ဆိုင်းနေခဲ့ကြပြီးနောက် လရဲ့အရိပ်က ကမ္ဘာပေါ် တိုက်ရိုက်ကျရောက်ကာ နေကို အပြည့်ကွယ်ထားခဲ့ပေမယ့် ဟေလို (halo) အလင်းရောင်ကွင်းဝိုင်းကို စောင့်ကြည့်ခဲ့တဲ့ ပရိသတ်ဟာ လူ့သမိုင်းမှာ အများဆုံး ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လအရိပ် တိုက်ရိုက်ကျရောက်ပြီး နေကြတ်တာကို အပြည့်အဝမြင်နိုင်တဲ့ မိုင် ၇၀ ပတ်လည်ကျယ်ပြီး မိုင်ပေါင်း ၂၅၀၀ အရှည်ရှိ အရိပ်ကျရာဒသမှာ လူပေါင်း ၁၂ သန်း နေထိုင်ပြီး သန်းပေါင်းများစွာကတော့ အဲဒီဒေသကို အချိန်မီ သွားရောက်လည်ပတ်ကာ နေကြတ်တာကို စောင့်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။
4 years Ago
Up