နေကြတ်ခြင်းကို လေယာဉ်ဖြင့် ပေ ၃ သောင်းခွဲအမြင့်မှ ကြည့်ရှုခဲ့ကြသူများ

August 23, 2017

နေကြတ်ခြင်းကို လေယာဉ်ဖြင့် ပေ ၃ သောင်းခွဲအမြင့်မှ ကြည့်ရှုခဲ့ကြသူများ (ရုပ်သံ)

အလက်စကာ လေကြောင်းလိုင်းရဲ့ လေယာဉ်တစီးပေါ်က ခရီးသည်တွေဟာ တခြားသူတွေထက် ထူးခြားတဲ့အခြေအနေနဲ့ နေကြတ်တာကို ကြည့်ခွင့်ရခဲ့ကြပါတယ်။ အော်ရီဂွန်ပြည်နယ် ပို့လန်း (Portland) မြို့ကနေ ထွက်ခွာလာတဲ့ စင်းလုံးငှား ဂျက်လေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေကတော့ ပေ ၃ သောင်းခွဲ အမြင့်ကနေ နေကြတ်တာကိုကြည့်ဖို့ အထူးဖိတ်ကြားခံခဲ့ရတဲ့ နက္ခတ်တာရာကြည့် ဝါသနာပါသူတွေနဲ့ နေကြတ်တာကို စောင့်ကြည့်မယ့်သူတွေပဲ ဖြစ်ပါတယ်။ လေယာဉ်စီးခရီးသည်တွေဟာ နေကိုကာနေမယ့် တိမ်တွေ၊ ရာသီဥတုအခြေအနေတွေကို စိုးရိမ်စရာမလိုဘဲ နေကြတ်တာကို လေယာဉ်ပြတင်းပေါက်တွေကနေ အပြည့်အဝ ကြည့်ရှုနိုင်ခဲ့ကြပါတယ်။ သြဂုတ် ၂၁ ရက်နေ့က နေကြတ်တာကို မြေပြင်ကနေ အပြည့်အဝ မြင်ရနိုင်မယ့် လမ်းကြောင်းက အမေရိကန် အနောက်ဘက်ကမ်းခြေကနေ အရှေ့ဘက်ကမ်းခြေအထိ တောက်လျှောက်ကျရောက်တဲ့ အခွင့်အရေးဟာ နှစ်ပေါင်း ၁၀၀ ခန့်အတွင်းမှာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရုပ်သံ - THE EPOCH TIMES
4 years Ago
Up