နေပြည်တော်လမ်းလျှောက်သင်္ကြန်  ဒုသမ္မတ လာရောက်ဆင်နွှဲ

April 16, 2019

နေပြည်တော်လမ်းလျှောက်သင်္ကြန်  ဒုသမ္မတ လာရောက်ဆင်နွှဲ

၂၀၁၉ မဟာသင်္ကြန် နောက်ဆုံးရက် အတက်နေ့မှာ နေပြည်တော်၊ ပျဉ်းမနားမြို့ ၊ ရှမ်းကန် မြောက်ဘက် ဗိုလ်တောက်ထိန်လမ်းနဲ့ ရှမ်းကန်အရှေ့ဘက် ဗိုလ်တာရာလမ်းမှာ ကျင်းပတဲ့ လမ်းလျှောက်သင်္ကြန်ကို လာရောက် လည်ပတ် ရေကစားသူတွေ များပြားတာကိုတွေ့ရပါတယ်။ ဒီကနေ့မှာတော့ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုဝန်ကြီး တချို့လည်း လာရောက်ရေကစားကြတာကိုတွေ့ရပါတယ်။ မနက်ဖြန် နှစ်ဆန်း ၁ ရက်နေ့မှာဆိုရင်လည်း ကန်တော်မင်္ဂလာခန်းမမှာ နှစ်ဦး ဆွမ်းကပ်မှာ ဖြစ်ပြီး ညပိုင်းမှာတော့ ရှမ်းကန်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုထောင့်မှာ နှစ်ဦး စကားဓမ္မသဘင်ပွဲကို ကျင်းပဖို့ ရှိနေပါတယ်။  
3 years Ago
Up