နေပြည်တော်

July 12, 2019

နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်အဆောင်တွင် ရွှေထည်ပစ္စည်းများ ခိုးယူခံရ 

နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်ရာ စည်ပင်ဧည့်ရိပ်သာ ၂ ဝန်းအတွင်းမှာ ဇူလိုင် ၁၀ ရက် ညအစောပိုင်းက ကျပ် ၁၀၄ သိန်း ဖိုးလောက်ရှိတဲ့ ရွှေထည် ပစ္စည်းတွေ ခိုးယူခံလိုက်ရပါတယ်။ စည်ပင်ဧည့်ရိပ်သာနေ လွှတ်တော်ကိုယ်စားလှယ်တဦးက "မနေ့ ည ၇ နာရီလောက်က ဖြစ်တာလို့ကြားတာပဲ။ ကိုယ်စားလှယ်ရဲ့ အမျိုးသမီး ရေချိုးခန်းဝင်တော့ ကုတင်ပေါ်ချွတ်ထားတာ ၁၀ မိနစ်လောက် အကြာပေါ့။ ပြန်အထွက် မရှိတော့တာ" လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေထည်တွေခိုးယူခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမျိုးသမီးက ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အခိုးခံလိုက်ရတဲ့ ရွှေထည်တွေကတော့ စိန်လက်ကောက် ၁ ကွင်း၊ စိန်လက်စွပ် ၂ ကွင်း၊ ငါးမူးသားလောက်ရှိတဲ့ ပိုက်ပွလက်ကောက် ၉ ကွင်းနဲ့ ရွှေခြေချင်း ၁ ကွင်း ဖြစ်ပြီးတော့ ကာလ တန်ဖိုး ကျပ် ၁၀၄ သိန်း တန်ဖိုးရှိတယ်လို့ တိုင်ကြားထားတဲ့ စာရင်းတွေအရ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ စည်ပင် ဧည်ရိပ်သာဟာ အပြင်လူ ဝင်မယ်ဆိုရင် ဂိတ်ပေါက် ၂ ခုလုံးမှာ စစ်ဆေးခံရပြီးမှ ၀င်ခွင့်ရရှိတဲ့ နေရာဖြစ်ပါတယ်။ အောင်ကိုကိုလတ် (နေပြည်တော်)
2 years Ago

April 23, 2019

နေပြည်တော်တွင် လေပြင်းတိုက်ခတ် (ဓာတ်ပုံ)

နေပြည်တော်နဲ့ အနီးတဝိုက်က ကျေးရွာတွေမှာ ဧပြီ ၂၂ ရက်က လေပြင်းတိုက်ခတ်လို့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လေပြင်းတွေကြောင့် ကျေးရွာတချို့ရှိ နေအိမ်တွေ အမိုးအကာလွင့်ထွက်တာ၊ သစ်ပင်ကျိုးကျတာ၊ ကြော်ငြာဆိုင်းဘုတ် ပြိုလဲကျတာ၊ လုံခြုံရေးရဲကင်း ပျက်စီသွားတာတွေလည်း ရှိခဲ့ပါတယ်။  
2 years Ago
More News
Up