နေရောင်ခြည် စွမ်းအင်သုံး ကားပြိုင်ပွဲ နယ်သာလန်ကျောင်းသားများ ပထမရ (ရုပ်သံ)

October 22, 2015

နေရောင်ခြည် စွမ်းအင်သုံး ကားပြိုင်ပွဲ နယ်သာလန်ကျောင်းသားများ ပထမရ (ရုပ်သံ)

နယ်သာလန်နိုင်ငံ၊ ဒက်ဖ်နည်းပညာတက္ကသိုလ်က ကျောင်းသားအဖွဲ့တဖွဲ့ဟာ သြစတြေးလျနိုင်ငံမှာ အခုနှစ် ကျင်းပတဲ့ နေရောင်ခြည်စွမ်းအင်သုံးကားပြိုင်ပွဲမှာ ပထမရဗိုလ်စွဲသွားပြန်ပါတယ်။ သြစတြေးလျနိုင်ငံမြောက်ပိုင်း ဒါဝင်မြို့ကနေ နိုင်ငံတောင်ပိုင်း အားဒလိပ်ဒ်မြို့အထိ မိုင် ၁၈၀၀ အကွာအဝေးကို နေရောင်ခြည်စွမ်းအင်သုံး ပြိုင်ကားတွေ ၄ ရက်ကြာ ယှဉ်ပြိုင်မောင်းနှင်ကြရတာပါ။ ၂ နှစ်တကြိမ်ကျင်းပတဲ့ ဒီကားမောင်းပြိုင်ပွဲကို ကမ္ဘာတ၀န်း တက္ကသိုလ်တွေ၊ ကျောင်းတွေက ကျောင်းသားအဖွဲ့ ၅၀ လောက် လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ် ပြိုင်ပွဲမှာလည်း ဒီ ဒက်ဖ်နည်းပညာတက္ကသိုလ် ဆိုလာနည်းပညာသုတေသနအဖွဲ့ကပဲ ဆုဆွတ်ခူးရရှိခဲ့တာပါ။ ဒီပြိုင်ပွဲကို ဘရစ်စတုန်း ကမ္ဘာ့ဆိုလာကားမောင်းပြိုင်ပွဲလို့လည်း လူသိများပြီး ကမ္ဘာတ၀န်း နေရောင်ခြည်စွမ်းအင်သုံး ကားတွေ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ သုတေသနလုပ်ငန်းတွေကို အားပေးဖို့  ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။
7 years Ago
Up