အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် နော်ဝစ်ခ်ျအသင်းက ဆွစ်ဇာလန် နောက်ခံလူ တင် ကလိုဆေးကို လက်မှတ်ရေးထိုး ခေါ်ယူနိုင်လိုက်ပါတယ်။
နော်ဝစ်ခ်ျအသင်းဟာ ဂျာမန်ကလပ် ၀ုဖ်ဘတ်ကနေ ၃ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့ တရားဝင် ဖော်ပြတာ မရှိပါဘူး။
အသက် ၂၇ နှစ်အရွယ် နောက်ခံလူ ကလိုဆေးဟာ ၀ုဖ်ဘတ်အသင်းအတွက် ၃၉ ပွဲ ကစားပေးထားပါတယ်။
ဗဟိုနောက်ခံလူ ကလိုဆေးဟာ ဆွစ်ဇာလန် လက်ရွေးစင် အသင်းအတွက် အင်္ဂလန်နဲ့ ကစားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာလည်း ကစားခွင့် ရထားပါတယ်။
7 years Ago