နော်ဝေနိုင်ငံ အနောက်ဘက်ပိုင်း ပင်လယ်ကမ်းလွန် ကျွန်းတကျွန်းပေါ် ဧပြီ ၂၉ ရက်နေ့က ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ရာမှာ လူ ၁၃ ဦး သေဆုံးဖွယ် ရှိတယ်လို့ နယ်မြေခံ ရဲအဖွဲ့က နော်ဝေ သတင်းဌာနတွေကို ပြောပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ ခရီးသည် ၁၁ ဦးနဲ့ ရဟတ်ယာဉ်မောင်း ၂ ဦး ပါသွားတယ်လို့ ဆိုပါတယ်။ ၁၁ ဦးက နော်ဝေလူမျိုးတွေ ဖြစ်ပြီး ဗြိတိန်တဦးနဲ့ အီတလီ တယောက်တို့လည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ရဟတ်ယာဉ်ဟာ Statoil ကုမ္ပဏီက တူးဖော်နေတဲ့ Gullfaks B ရေနံ မြေကနေ အပြန်မှာ ပျက်ကျခဲ့တာပါ။ ရဟတ်ယဉ်တစင်းလုံး လုံးဝ ပျက်စီးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ရဟတ်ယာဉ် ပျက်ကျတဲ့နေရာဟာ နော်ဝေရဲ့ ဒုတိယ အကြီးဆုံးမြို့ုဖစ်တဲ့ Bergen မြို့ရဲ့  အနောက်ပိုင်းမှာ တည်ရှိပြီး ကမ်းလွန်ရေနံမြေတွေဆီ လေယာဉ်အသွားအလာတွေ များတာကြောင့် လေကြောင်း ရှုပ်ထွေးမှု ပြဿ နာတွေ မကြာခဏ ကြံလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။
5 years Ago