နော်ဝေးအမျိုးသား

May 5, 2018

ကလေးညစ်ညမ်းပုံ လက်ဝယ်ထားရှိမှုဖြင့် နော်ဝေးအမျိုးသား ထိုင်းတွင် အဖမ်းခံရ

  ထိုင်းနိုင်ငံတောင်ပိုင်း ချိုယာဖမ်ဆိုတဲ့ခရိုင်မှာ ထိုင်းဇနီးသည်ဖြစ်သူနဲ့ နေထိုင်နေတဲ့ အသက် ၅၇ နှစ်အရွယ် နော်ဝေးအမျိုးသားကို ကလေးညစ်ညမ်းပုံ၊ ဗွီဒီယိုတွေ လက်ဝယ်ထားရှိမှုနဲ့ မေလ ၃ ရက်နေ့မှာ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ နော်ဝေးရဲဌာနနဲ့ အကောက်ခွန်ကော်ပိုရေးရှင်းက Stig Kvale ဟာ နော်ဝေးနိုင်ငံမှာ ကလေးတွေနဲ့  လိင်ဆက်ဆံဖို့ ကြိုးစားခဲ့တဲ့ အမှု ၁၁ မှု အရင်က ကျူးလွန်ခဲ့တယ်။ ဒါကြောင့် လူ့အသိုင်းအဝိုင်းကို ခြိမ်းခြောက်မှု တခုဖြစ်စေတယ်လို့ အကြောင်းကြားပြီးတဲ့နောက် ထိုင်းရဲတွေက Stig ရဲ့ အိမ်ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့တာပါ။ သူ့အိမ်မှာ တရားမဝင် ကလေးအပြာညစ်ညမ်းပုံ ရုပ်သံတွေနဲ့ လက်ပ်တော့ပ်ပေါ်မှာ ညစ်ညမ်းဓာတ်ပုံတွေ ပိုင်ဆိုင်မှုနဲ့ ရဲတွေက တရားစွဲခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ ညစ်ညမ်းကားတွေထဲမှာ ထိုင်းကလေးတွေ ပါဝင်သလားဆိုတာ သိဖို့ ရဲတွေက စုံစမ်းမယ်လို့ ဆိုပြီး Kavel က နော်ဝေးနိုင်ငံမှာ ၁၉၉၄ ခုနဲ့ ၁၉၉၉ ခုနှစ်အကြား ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ ဒေသခံသတင်းဌာနတွေက ထုတ်ပြန်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ထောင်ဒဏ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထောင်က လွတ်လာပြီးတဲ့နောက် Stig က ထိုင်းနိုင်ငံကို ဒီဇင်ဘာလ ၂၀၀၉ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီး အီစန်နယ်က ထိုင်းအမျိုးသမီးနဲ့ လက်မထပ်ရသေးချိန်ထိ သူ့အချိန်အများစုကို ပတ္တယားမှာ ကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။ Stig နဲ့ သူ့ရဲ့ထိုင်းဇနီးသည်က အလုပ်လက်မဲ့တွေဖြစ်ပြီး ကလေးတွေကို လိင်စိတ်တိမ်းညွှတ်တာကြောင့် မွေးစားဖို့ ရှာဖွေခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။ သူ့ရဲ့ဗီဇာနေထိုင်ခွင့်ကို ဖျက်သိမ်းပြီး နိုင်ငံဆီ ပြန်ပို့မယ်လို့ ကိုကိုးနက်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up