ရာသီကြို ခြေစမ်းပွဲအဖြစ် မန်ချက်စတာယူနိုက်တက်ဟာ နော်ဝေကလပ် ဗယ်လာရန်ဂါနဲ့ မနေ့ညက ယှဉ်ပြိုင်ရာ မန်ယူက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မန်ယူဟာ ဒီပွဲမှာ ၄ ၃ ၃ ပုံစံ ကစားကွက်နဲ့ ရှေ့တန်းမှာ ရက်ရှ်ဖို့ဒ်၊ မစ်ခီတာရန်း၊ မာတာ၊ အလယ်တန်းမှာ ကာရစ်၊ ပေါ့ဂ်ဘာ၊ ဖယ်လိုင်နီနဲ့ နောက်တန်းမှာ ဘလိုင်း၊ ဖီးလ်ဂျုံးစ်၊ ဘိုင်လီ၊ ဒါမီယန်တို့နဲ့ ပွဲထက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်ယူဟာ လူကာကူ၊ မာရှယ်၊ စမောလင်း၊ ဟာရဲရား၊ လင်ဒီလော့ဖ် စတဲ့ ကစားသမားတွေကို လူစားလဲ ကစားခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူ ကွင်းလယ်လူ ပေါ့ဂ်ဘာ ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပါတယ်။
မန်ယူအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ပြီးခါနီးမှာ ဖယ်လိုင်နီ၊ ပွဲချိန် ၄၈ မိနစ်မှာ လူကာကူနဲ့ ၇၁ မိနစ်မှာ လူငယ်ကစားသမား စကော့ မက်တိုမီနေတို့က သွင်းယူပေးခဲ့ပါတယ်။
6 years Ago