နော်ဝေ

June 14, 2019

နော်ဝေနှင့် ဂျပန် ရေနံတင်သင်္ဘော ၂ စီး တိုက်ခိုက်ခံရမှု လက်သည်မပေါ်သေး

အိုမန်ပင်လယ်ကွေ့မှာ ဇွန်လ ၁၃ ရက်နေ့က နော်ဝေနဲ့ ဂျပန် ရေနံတင်သင်္ဘောနှစ်စီး တိုက်ခိုက်ခံရပြီး လက်ရှိအချိန်မှာတော့ ဘယ်သူ့လက်ချက်လဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အမေရိကန်နိုင်ငံကတော့ အီရန်လက်ချက်လို့ စွပ်စွဲထားပေမယ့် အီရန်ကလည်း ငြင်းဆိုထားပါတယ်။ မီးလောင်နေတဲ့ နော်ဝေ ရေနံတင်သင်္ဘောကြီး Front Altair ကို မီးသတ်သမားတွေက သင်္ဘောငယ်တစီးနဲ့ ငြှိမ်းသတ်ခဲ့ကြရပါတယ်။ သံလိုက်မိုင်းနဲ့ တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အဲဒီသင်္ဘောပေါ်က သင်္ဘောသားတွေကို အနားကဖြတ်သွားတဲ့ သင်္ဘောတစီးက ခေါ်တင်ပြီး အီရန်ကယ်ဆယ်ရေး သင်္ဘောတစီးဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။ နောက်ထပ် တိုက်ခိုက်ခံရတဲ့ ဂျပန်ရေနံတင်သင်္ဘောဟာလည်း တော်ပီဒိုနဲ့ ပစ်ခံရတယ်လို့ ယူဆရပြီး သင်္ဘောသားအားလုံး ဘေးကင်းတယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ရေနံဈေးတွေလည်း မြင့်တက်သွားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်ကလည်း အဲဒီ ရေနံတင်သင်္ဘောနှစ်စီး တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ကို အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်လို့ ဇွန်လ ၁၃ ရက်နေ့က ပြောခဲ့ပါတယ်။ ရေနံတင်ပို့တဲ့ အဓိကရေကြောင်းလမ်း တခုဖြစ်တဲ့ အိုမန်ပင်လယ်ကွေ့မှာ မေလ ၁၂ ရက်နေ့ကလည်း ရေနံတင်သင်္ဘော ၄ စီး အလားတူ တိုက်ခိုက်ခံခဲ့ရပါတယ်။
2 years Ago

March 24, 2019

ယူရို ခြေစစ်ပွဲ စပိန်က နော်ဝေကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ အိမ်ရှင် စပိန်က နော်ဝေအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ စပိန်အသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ အသာစီး ယူနိုင်သလို ဂိုးပေါက်ကန်သွင်းခွင့် ၁၁ ကြိမ်အထိ ရခဲ့ပါတယ်။ ဒီပွဲမှာ စပိန်တိုက်စစ်မှူး မိုရာတာ အခွင့်အရေး တော်တော်များများကို ဖြုန်းတီးသလို ဖြစ်ခဲ့ပါတယ်။ စပိန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၆ မိနစ်မှာ ရိုဒရီဂိုက သွင်းယူပါတယ်။ နော်ဝေအတွက် ချေပဂိုးကို ၆၅ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူပါတယ်။ အိမ်ရှင် စပိန်အတွက် အနိုင်ဂိုးကို ၇၁ မိနစ်မှာ ပင်နယ်တီကနေ နောက်တန်းသမား ရာမို့စ်က သွင်းယူပြီး အနိုင်ရ သွားပါ တယ်။ ဒီပွဲအနိုင်ရတဲ့ စပိန်က အုပ်စု (အက်ဖ်)မှာ ၃ မှတ်နဲ့ရပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
3 years Ago
More News
Up