နောဧ ပုံစံတူသင်္ဘောဖြင့် နယ်သာလန်က ဘရာဇီးသို့ သွားမည်

A d v e r t i s e m e n t With Us

April 29, 2016

နောဧ ပုံစံတူသင်္ဘောဖြင့် နယ်သာလန်က ဘရာဇီးသို့ သွားမည် (ရုပ်သံ)

တန် ၃ ထောင်ကျော်လေးတဲ့ နောဧ ပုံစံတူ သင်္ဘောက အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး မိုင် ၅၀၀၀ ဝေးတဲ့ နယ်သာလန်ကနေ ဘရာဇီးကို ဒီနှစ် နွေရာသီမှာ ထွက်ခွာမှာ ဖြစ်ပါတယ်။ သင်္ဘောဟာ ၁၂၅ မီတာ ရှည်ပြီး အနံကတော့ ၂၉ မီတာရှိကာ အထပ် ၇ ထပ် ပါရှိတဲ့ သင်္ဘောဟာ ပင်လယ်ကို ဖြတ်နိုင်မလားလို့ အမေရိကန် စီအန်အန်သတင်းက ရေးပါတယ်။ ဘရာဇီးမှာ သင်္ဘောက ၂ နှစ်လောက် ရှိနေမှာ ဖြစ်ပြီး ဆိပ်ကမ်းမြို့တော်တော်များများကို လှည့်လည်သွားလာမှာလည်း ဖြစ်ပါတယ်။ သင်္ဘောကို ဒတ်ခ်ျလက်သမားတွေက နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်ခဲ့ရပါတယ်။ ဘာသာရေး ဆွဲဆောင်မှု တခုအနေနဲ့ သင်္ဘောကို တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက နယ်သာလန်မှာ လူအများ ကြည့်နိုင်အောင် ပြသထားပါတယ်။ သင်္ဘောဟာ ထောင်သောင်းချီတဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။
5 years Ago
Up