နောင်ချိုမြို့နယ်တွင်

January 11, 2018

နောင်ချိုမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ ၊ ၀မ်ဟိုင်းအဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ  ၀မ်ဟိုင်းအခြေစိုက် ရှမ်းလက်နက်ကိုင်အဖွဲနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး  စစ်သည်တဦး ထိခိုက်ဒဏ်ရာရကာ ၀မ်ဟိုင်းအဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးခဲ့ တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဇန်န၀ါရီ ၁၀ ရက် မနက် ၃ နာရီခွဲလောက်က နောင်ချိုမြို့နယ်  ပြင်ဦးလွင်-မိုးကုတ်သွား လမ်း အနောက်ဘက်က သပြေဒိုးရွာထဲမှာ ရှမ်းပြည်တပ်မတော် ( ၀မ်ဟိုင်း ) အဖွဲ့  နယ်ေ ကျာ်ရောက်ရှိနေကြောင်း သတင်းရတဲ့အတွက် တပ်မတော်စစ်ကြောင်းက ပိတ်ဆို့ရှာဖွေရာမှာ အိမ်ထဲကနေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်လို့ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ပစ်ခတ်မှုမှာ မြန်မာ့တပ်မတော်ဘက်က တဦးဒဏ်ရာရပြီး ၀မ်ဟိုင်းအဖွဲ့က မြို့နယ်မှူးအဆင့်ရှိ စိုင်းမိုးအောင်အပါအ၀င် ငါးဦးကို လက်နက်ခဲယမ်း၊ ဆက်ကြေးကောက်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး SSPP/SSA  ရှမ်းပြည်တပ်မတော် (၀မ်ဟိုင်း) အဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖြေကြားပေးသူမရှိပါဘူး။ ဓာတ်ပုံ-CINCDS
3 years Ago
Up