နောက်ပြောင်သည့်တီဗွီရှိုးအတွက် ငှားရမ်းခံခဲ့ရဟု ကင်ဂျုံနမ်သတ်ဖြတ်မှု စွပ်စွဲခံရသည့် အင်ဒိုအမျိုးသမီး၏ရှေ့နေ ပြော

January 31, 2018

နောက်ပြောင်သည့်တီဗွီရှိုးအတွက် ငှားရမ်းခံခဲ့ရဟု ကင်ဂျုံနမ်သတ်ဖြတ်မှု စွပ်စွဲခံရသည့် အင်ဒိုအမျိုးသမီး၏ရှေ့နေ ပြော

ကင်ဂျုံနမ်သတ်ဖြတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ အင်ဒိုနီးရှားအမျိုးသမီးကို နောက်ပြောင်ကျီစယ်တဲ့ တီဗွီရှိုးအတွက် ငှားရမ်းခဲ့တာဖြစ်တယ်လို့ သူမရဲ့ရှေ့နေဖြစ်သူက ပြောကြားလိုက်ပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံနမ်ကို VX အဆိပ်သုံးပြီး သတ်ဖြတ်မှုအတွက် သံသယရှိသူ အင်ဒိုနီးရှားအမျိုးသမီး ဆီတီအိုင်ရှာနဲ့ တခြား ဗီယက်နမ်အမျိုးသမီးကို ဖမ်းဆီးထားပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ ဆီတီအိုင်ရှာရဲ့ ရှေ့နေဖြစ်သူက ဇန်နဝါရီ ၃၀ ရက်နေ့မှာ မီဒီယာတွေကို ထပ်မံ ပြောကြားခဲ့ပါတယ်။ “နောက်ပြောင်ကျီစယ်တဲ့ရှိုးမှာ ပါဝင်ဖို့ ကမ်းလှမ်းတဲ့ ဂျိမ်း်စ်နဲ့ ဆီတီအိုင်ရှာကို ကမာရူဒင်က မိတ်ဆက်ပေးတယ်။ အဲဒီတီဗွီရှိုးကို ယူကျုကနေ လွှင့်မှာလေ။ ကမာရူဒင်နဲ့ ဂျိမ်းစ် ဈေးဝင်စင်တာမှာတွေ့တဲ့ အချက်ကိုလည်း စုံစမ်းရေးအရာရှိက အတည်ပြုထားပါတယ်။ အဲဒီဈေးဝင်စင်တာမှာ ဆီတီအိုင်ရှာကို တခြားမိန်းကလေးတယောက်လုပ်တဲ့ ရှိုးပွဲကို ကြည့်ခိုင်းတယ်။ အဲဒီနောက်မှာလည်း ဆီတီအိုင်ရှာဟာ နောက်ပြောင်ကျီစယ်တဲ့ ပြကွက် ၃ ခုကို ပြုလုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။ ဆီတီအိုင်ရှာ၊ ဂျိမ်းစ်နဲ့ ကမာရူဒင်တို့ ၃ ဦး တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံကိုလည်း ဆီတီအိုင်ရှာရဲ့ ရှေ့နေဖြစ်သူက မီဒီယာတွေကို ပြသခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ဂျပန်လူမျိုးယောင်ဆောင်ထားတဲ့ မြောက်ကိုရီးယားဖြစ်ပြီး ကမာရူဒင်ကတော့ မလေးရှား တက္ကစီယာဉ်မောင်းဖြစ်တယ်လို့ သိရပါတယ်။
4 years Ago
Up