နောက်ဖေးလမ်းကြား

March 23, 2019

၄၃ လမ်း၊ နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းရေး နိုင်ငံခြားသားတဦး လုပ်အားပေး (ဓာတ်ပုံ)

အနုပညာရှင်တွေ ပါဝင်တဲ့ CleanUp Challenge ကို ဒီနေ့ မနက်ကစပြီး ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးလမ်းနဲ့ ၄၃ လမ်း၊ နောက်ဖေးလမ်းကြားမှာရှိတဲ့ အမှိုက်တွေကို ရှင်းလင်းနေပါတယ်။ ပရဟိတသမားတွေလည်း ပါဝင်ကြတာ ဖြစ်ပြီး နိုင်ငံခြားသားတဦးလည်း အားတက်သရော ပါဝင်လုပ်အားပေးနေပါတယ်။ ဒီလှုပ်ရှားမှုကို သန့်ရှင်းရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက မတ်လ ၆ ရက်ကစလို့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံအနှံ့ မြို့တော်တော်များများမှာ စိတ်ဝင်တစား ပါဝင်လှုပ်ရှားကြပြီး အခုတော့ ရန်ကုန်မှာ အနုပညာရှင်တွေပါဝင်တဲ့ ဒုတိယအကြိမ် လှုပ်ရှားမှု ဖြစ်ပါတယ်။ ဓာတ်ပုံ - လွင်မှိုင်း
3 years Ago
Up