နောက်ဆုံးထုတ် တာတိုပစ်ပဲ့ထိန်းဒုံး ရုရှား စမ်းသပ်ပစ်လွှတ်

April 20, 2016

နောက်ဆုံးထုတ် တာတိုပစ်ပဲ့ထိန်းဒုံး ရုရှား စမ်းသပ်ပစ်လွှတ်

ရုရှားနိုင်ငံက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ တာတိုပစ် ပဲ့ထိန်းဒုံးတမျိုးကို ပြီးခဲ့တဲ့သောကြာနေ့က နိုင်ငံတောင်ပိုင်းမှာ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အစ်ကန်ဒယ် အမ် Iskander M လို့ အမည်ပေးထားတဲ့ ဒီတာတိုပစ် ပဲ့ထိန်းဒုံးကို ကီလိုမီတာ ၄၀၀ အကွာအဝေးမှာရှိတဲ့ ပစ်မှတ်အထိအောင် ပစ်ခတ်နိုင်ပေမယ့် စမ်းသပ်ခဲ့တုန်းကတော့ ကီလို ၂၀၀ အကွာအဝေးမှာရှိတဲ့ ပစ်မှတ်ကိုပဲ စမ်းသပ်ပစ်ခတ်ခဲ့တာပါ။ ရန်သူ့ မြေအောက်စစ်ဆင်ရေးကွပ်ကဲရေးစခန်း နမူနာတခုကို လုံးဝပျက်စီးသွားအောင် ပစ်ခွဲနိုင်ခဲ့တာပါ။ ဒီ အစ်ကန်ဒယ် အမ် ဒုံးကျည်ကို သူ့ရှေ့က ဒုံးကျည်နည်းပညာကိုပဲ အဆင့်မြင့်တင်ထုတ်လုပ်ထားတာဖြစ်ပြီး တိုက်ချင်းပစ်ဒုံးကျည်အဖြစ်ရော၊ ပဲ့ထိန်းဒုံးကျည်အဖြစ်ရော ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး ရန်သူရေဒါစနစ်က မထောက်လှမ်းနိုင်ဘူးလို့လည်း ဆိုပါတယ်။
6 years Ago
Up