နောက်ခံလူ ဘယ်လာရင်ကို အာဆင်နယ် ၆ နှစ်သက်တမ်းတိုး

A d v e r t i s e m e n t With Us

November 10, 2016

နောက်ခံလူ ဘယ်လာရင်ကို အာဆင်နယ် ၆ နှစ်သက်တမ်းတိုး

အာဆင်နယ်အသင်းရဲ့ ညာနောက်တန်းကစားသမား ဘယ်လာရင်ဟာ အသင်းနဲ့ ၆ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ စပိန်နောက်ခံလူလည်းဖြစ်တဲ့ သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ မန်စီးတီးတို့က စိတ်ဝင်စားနေတာဖြစ်ပြီး အခုလို စာချုပ်သစ်ချုပ်ဆိုလိုက်တာဟာ အာဆင်နယ်ပရိသတ်တွေအတွက် သတင်းကောင်းတခု ဖြစ်ခဲ့ပါတယ်။ အသက် ၂၁ နှစ်ရှိ ဘယ်လာရင်အနေနဲ့ စာချုပ်သစ်ပါ အချက်အလက်တွေအရ ၁ ပတ် ပေါင် ၁ သိန်းခန့် တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။ ဘယ်လာရင်ဟာ စပိန်ထိပ်သီး ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်က အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၁၃ ခုနှစ်ကစလို့ အာဆင်နယ်အသင်းကြီးမှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပါတယ်။
4 years Ago
Up