မန်ယူအသင်းဟာ နောက်တန်းကစားသမား ဗလန်စီယာကို ၁ နှစ်စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။
စာချုပ်သစ်ကြောင့် ဗလန်စီယာဟာ မန်ယူမှာ ၂၀၁၈ အထိ ရှိနေမှာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် အီကွေဒေါလက်ရွေးစင် ကစားသမားကို မန်ယူက ၂၀၀၉ ခုနှစ်က ဝီဂန်အသင်းကနေ ခေါ်ယူခဲ့တာပါ။
ဗလန်စီယာကို ခေါ်ယူတုန်းက တောင်ပံကစားသမားအဖြစ်နဲ့ ခေါ်ယူခဲ့ပေမယ့် နည်းပြဟောင်း ဗန်ဟားလက်ထက်မှာ နောက်တန်းလူအဖြစ် ပြောင်းလဲကစားခိုင်းခဲ့ပါတယ်။
ဗလန်စီယာဟာ ဒီနှစ် ရာသီထဲမှာ မန်ယူအတွက် ၂၃ ပွဲ ကစားခွင့်ရထားပါတယ်။
6 years Ago